ုဒဏ်ရာနဲ့ မအေးချမ်းမြတ်မိုးကို မိသားစုမှ ကားငှားကာ ရန်ကုန် ပြည်သူ့ ဆေးရုံကြီးကို ပို့ ဆောင်စဉ် လမ်းမှာ သေဆုံးသွားခဲ့ပါတယ်။
ဓါးနဲ့ ထိုးသူကို စုံစမ်းရာမှာ ကိုအံဖြိုးပိုင် ၊ အသက်(၂၂)၊ တိုက်(၂)၊ အခန်း(၆)၊ ဦးဝိစာရ အိမ်ရာ၊ ဦးဝိစာရရပ်ကွက်၊ ဒဂုံမြို့ နယ် နေသူဖြစ်ကြောင်း သိရပါတယ်။
သြဂုတ်လ (၂၆)ရက်နေ့ ည (၇)နာရီခန့် က မအေးချမ်းမြတ်မိုးနှင့် ရည်းစားဖြစ်သူ ကိုအံ့ဖြိုးပိုင် တို့ စကားများ ရန်ဖြစ်ရာမှ ကိုအံ့ဖြိုးပိုင်မှ ဓါးနှင့်ထိုး၍ မအေးချမ်းမြတ်မိုး လည်းပင်းမှာ ထိုးသွင်း ဒဏ်ရာ(၁)ချက် ရရှိပြီး သေဆုံးသွားသောကြောင့် ကိုအံ့ဖြိုးပိုင် အပေါ် အရေးယူပေးပါရန် သေဆုံးသူ၏ အစ်ကို ကိုအာကာဝဏ္ဏမှ တရားလို ပြုလုပ်တိုင်တန်း အမှုထားပါတယ်။
အဆိုပါ ဖြစ်စဉ်နှင့် ပါတ်သတ်ပြီး ဒဂုမမစ (ပ) ၁၈၄/ ၁၄၊ ပြစ်မှု ပုဒ်မ ၃၀၂ ဖြင့် အမှုဖွင့်ပြီး အမှုစစ် ရဲအုပ်ဇာနည်ထွဋ်မှ တရားခံအား ဖမ်းဆီးစစ်ဆေး လျက်ရှိကြောင်း သစ်ထူးလွင်ဝက်ဆိုဒ် မှ စုံစမ်း သိရှိရပါတယ်။
http://www.thithtoolwin.com/2014/08/blog-post_351.html
သစ်ထူးလွင်
0 comments:
Post a Comment