Tuesday, August 26, 2014

Lena Dunham ကသူမ အမျိုးသမီးတွေရဲ့အခွင့်အရေးဆိုတာကို နားလည်အောင် ကူညီပေးခဲ့သူ လို့ပြောလိုက်တဲ့ Taylor Swift

Taylor Swift ဟာအမျိုးသမီးတွေရဲ့စွမ်းအား အကြောင်းကို သိရှိနားလည်သူလို့ဆိုပါတယ်။

ပရိသတ်တွေအတွက် စေ့စော်မှုကောင်းတဲ့ သီချင်းစာသားတွေရေးတဲ့အခါမှာရော၊ နာမည်ကြီး သူငယ်ချင်းတွေ ( Kelly Osbourne, Sarah Hyland နဲ့ Jamie King တို့) နဲ့ပေါင်းသင်းသွားလာတဲ့အခါမှာပါ ပါရမီရှင်အဆိုတော်မလေးက တကယ့်ကောင်မလေးတွေရဲ့ကောင်မလေး တစ်ယောက်ဖြစ်ပါတယ်။

The Guardian နဲ့လုပ်တဲ့ အင်တာဗျူးတစ်ခုမှာ Taylor ကသရုပ်ဆောင် Lena Dunham ကသူမကိုအရေးပါတဲ့ အမျိုးသမီးဝါဒအကြောင်း သင်ကြားပြသပေးတဲ့အတွက် ချီးမွမ်းပြောဆိုပါတယ်။

‘ဆယ်ကျော်သက်တစ်ယောက်အနေနဲ့ ရှင်ဟာအမျိုးသမီး ဝါဒီတစ်ဦးဖြစ်တယ်လို့ပြောတာက ရှင်ယောကျာ်းမိန်းမ တန်းတူအခွင့်အရေးနဲ့ တန်းတူအခွင့်အလမ်းရဖို့မျှော်လင့်တယ်ဆိုတာ ကျွန်မနားမလည်ခဲ့ဘူး။ ယဉ်ကျေးမှုနဲ့လူ့အဖွဲ့အစည်းအတွင်းအဲဒီ့စကားကိုသုံးနှုန်းတာ ကျွန်မအတွက်တော့ ရှင်ကယောကျာ်းတွေကိုမုန်းတယ်ဆိုတဲ့ အဓိပ္ပါယ်လိုဖြစ်ခဲ့တယ်’ လို့ဝန်ခံပြောဆိုခဲ့ပါတယ်။

‘Lena နဲ့သူငယ်ချင်းဖြစ်ရတာဟာ သူမကျွန်မကို တရားဟောတာမဟုတ်ဘဲ သူမယုံကြည်တဲ့အရာကိုသူမဘာလို့ယုံကြည်ရတာ၊ သူမပြောတာကိုဘာလို့ပြောရတာ၊ သူမရပ်တည်ပေးတဲ့အရာကို ဘာလို့ရပ်တည်ရသလဲဆိုတာသိမြင်တာပါပဲ။ အဲဒီ့သူငယ်ချင်းဖြစ်မှုက ကျွန်မထုတ်မပြောပေမယ့် အမျိုးသမီးဝါဒီတစ်ဦးအဖြစ်ရပ်တည်လာခဲ့တယ်ဆိုတာကို သိမြင်စေပါတယ်’ လို့ပြောပါတယ်။

Ref:eonline.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...