Tuesday, August 26, 2014

ခေါင်းလောင်းတွေ့ရှိပြီဟု ဦးစံလင်း၏ ထုတ်ပြန်ချက်

ရန်ကုန်- ဓမ္မစေတီခေါင်းလောင်းဆယ်ယူရန် သတ်မှတ်ထားသော နောက်ဆုံးနေ့တွင် ခေါင်းလောင်းကြီးကိုတွေ့ရှိပြီဖြစ်ကြောင်း ဦးဆောင်ရှာဖွေသူ ဦးစံလင်းက ပြောသည်။

ခေါင်းလောင်းတွေ့ရှိကြောင်းကို အရိယာဝိဇ္ဇာအပေါင်းကို ခွင့်ပြုချက်တောင်းခံပြီးမှ အတိအလင်းကြေညာခြင်းဖြစ်ကြောင်း ဦးစံလင်းက ခေါင်းလောင်းနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ရေးအဖွဲ့သို့ ယနေ့နံနက်တွင်  တယ်လီဖုန်းဆက်၍ ပြောကြားပြီး ၎င်း၏ပြောကြားချက်ကို ပြန်ကြားရေးအဖွဲ့က ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

ခေါင်းလောင်းရှာဖွေရေးအတွက် စေတနာထားကြသော ရဟန်း၊ပြည်သူများနှင့် အလှူရှင်များကို ကျေးဇူးအထူးတင်ရှိပြီး သတင်းထုတ်ပြန်ရန် နောက်ကျခြင်းကို နားလည်ပေးကြပါရန် တောင်းပန်အပ်ပါသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။
ခေါင်းလောင်းကြီးကို မကြာမီ ကုန်းပေါ်သို့အရောက် ဆောင်ရွက်သွားမည်ဟု ဆိုသည်။

ယနေ့( သြဂုတ် ၂၆ရက်)တွင် ခေါင်းလောင်းရှာဖွေနေမှုကို လာရောက်ကြည့်ရှု့သူပိုမိုများပြားလာသည်။ခေါင်းလောင်းရှာဖွေရေးအဖွဲ့နေထိုင်သည့် သုံးထပ်သင်္ဘောနှင့် လုပ်ငန်းခွင်ဝင်နေသောသောင်တူးသင်္ဘောတို့ ပိုမိုနီးကပ်လာသည်ကိုတွေ့ရပြီး လာကြည့်သူများက သင်္ဘော ၂ စီး နီးကပ်သွားခြင်းမှာ ခေါင်းလောင်းရှာတွေ့သောကြောင့်ဟု ထင်မြင်နေကြသည်။

ထို့အပြင် ယနေ့မှစ၍ သောင်တူးစက်အနားသို့ စက်လှေသမ္ဗန်များဖြင့် သွားရောက်ကြည့်ရှုသူများအား အနီးကပ်ခွင့်မပေးဘဲ ရေကြောင်းရဲများက တားမြစ်ထားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...