MRTV-4 ပရိုဂရမ်များတွင် Talk Show အစီအစဉ် များ ပါဝင်ဖြစ်နေသည့် ဂုဏ်ရည်အေးကျော်က Miss ပြိုင်ပွဲဝင်မည့် သူများအား ပွဲစဉ်များကို သေချာ လေ့လာပြီးမှ ပြိုင်ပွဲဝင်ရန် သတိပေးစကား ပြောခဲ့သည်။
ညီမငယ်တွေ Miss Myanmar ဖြစ်ချင်ရုံနဲ့ ပွဲတွေပြိုင်တော့မှာလား။ အောင်မြင်ရုံတစ်ခုတည်းနဲ့ ပြိုင်မှာလား။ ကိုယ်ကရော ဘယ်လိုမျိုး ကိုယ်စား ပြုချင်တာလဲ။ ဘယ်လိုမျိုး Miss Myanmar ဖြစ်ချင်တာလဲ။ မနန်းခင်တို့ ခေတ်တုန်းက Miss International တစ်ပွဲပဲရှိတာလေ။ မနန်းခင်ပြီးတော့ ဂုဏ်ရည်ပြိုင်ခဲ့ရတယ်လေ။ နောက်တော့မှ တခြား Miss တွေပေါ်လာတာ။ ဂုဏ်ရည်တို့တုန်းက ရွေးချယ်စရာ ဒီတစ်ခုပဲရှိတယ်။ အခုတော့ ရွေးချယ်စရာ အများကြီးရှိလာပြီဆိုတော့ ကိုယ်က ဘယ်လိုဖြစ်ချင်တာလဲ။ Miss Myanmar တောင် ကဏ္ဍတွေ အများကြီး ကွဲသွားပြီ။ Miss Universe လား၊ Miss International ဖြစ်ချင်တာလား။ ငြိမ်းချမ်းရေးကို ကိုယ်စားပြုတဲ့ Miss လား။ ကိုယ်က ဘယ်ဟာကို ပိုင်ပိုင်နိုင်နိုင်လုပ်ချင်တာလဲပေါ့နော်။ ကိုယ်ကလည်း ရွေးချယ်စရာများလာပြီ။ ပြည်သူလူထုကလည်း ရွေးချယ်ပြီးတော့မှ ကြိုက်မှာဆိုတော့ ကိုယ်တာဝန်ယူရတဲ့ ကဏ္ဍမှာ ရွပ်ရွပ်ချွံချွံလုပ်ပြနိုင်မှ ပရိသတ်က ကိုယ့်ဆီရောက်လာမှာ။ မဟုတ်ရင် အများထဲက တစ်ယောက်နဲ့ပဲ ပြီးသွားမှာလေ။ မနန်းခင်ခေတ်မှာ All in One ပါ။ ဂုဏ်ရည်တို့နှစ်မှာ 5 in 1 ဖြစ်ခဲ့ပြီး၊ ဒီနှစ်မှာဆိုရင် 10 in 1 ဖြစ်ခဲ့ပြီ။ ရှင်းရှင်းပြောရရင်တော့ သေချာရွေးချယ်ပါ။ အဖွဲ့အစည်းကိုကြည့်ပါ၊ စာချုပ်ကိုကြည့်ပါ။ အောင်မြင်ချင်ရုံနဲ့ လက်မှတ်ထိုး ပြီးကိုယ်နဲ့ မကိုက်ညီဘူးဆိုရင် ပြဿနာတွေ အတက်ခံမယ့်အစား၊ နာမည်ပျက်မယ့်အစား စာချုပ်မချုပ်ခင်က သေချာညှိနှိုင်းကြပါ။ ညီမငယ်တွေ ဦးနှောက်သုံးကြပါလို့ ပြောချင်ပါတယ်။ ဂုဏ်ရည်က ဟိုတယ်ခရီးရဲ့လက်အောက်မှာရှိတဲ့ NGO အဖွဲ့အစည်းရဲ့ ရွေးချယ်မှုနဲ့ Miss ဖြစ်ခဲ့ရတဲ့အတွက် ဂုဏ်ယူပါတယ်။ နိုင်ငံကိုယ်စားပြုအနေနဲ့ ခရီးတွေလည်း အများကြီးသွားရပါတယ်။ ဂုဏ်ရည်အတွက် အများကြီးညှိနှိုင်းမှုတွေပေးတယ်၊ စဉ်းစားပေး တယ်။ (၃၀)ရာခိုင်နှုန်း၊ (၄၀) ရာခိုင်နှုန်းဆိုတာတွေ၊ ရှင်းရှင်းပြောရရင် ဂုဏ်ရည် ကြားတောင်မကြားဖူးပါဘူး။ စာချုပ်စာတမ်းတွေနဲ့ ဂုဏ်ရည်ချုပ်ခဲ့တာ ရှိပေမယ့် အဖွဲ့အစည်းတစ်ခုက လုပ်တဲ့ပွဲဖြစ်လို့ Miss တွေအတွက်လည်း Chance တွေပိုများတယ်။ ညီမငယ်တွေ နောက်ထပ်ပြိုင်မယ်ဆိုရင် ပွဲကို သေချာကြည့် ပြီး ပြိုင်စေချင်ပါတယ် ဟု ဂုဏ်ရည်အေးကျော်က ပြောသည်။ ဂုဏ်ရည်အေးကျော်သည် ပရဟိတပွဲများလည်း လုပ်ဆောင်သွားရန် ရှိကြောင်း ပြောသည်။
Thursday, August 7, 2014
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment