Thursday, September 11, 2014

နှစ် ၆၀ ကျော်ကြာအတူနေပြီး လက်ချင်းဆုပ်ကိုင်သေဆုံးကြတဲ့ ဇနီးမောင်နှံ


ဇာတ်လမ်း မဟုတ်သလို၊ ယုံတမ်း ပုံပြင်လည်း မဟုတ်ပါဘူး။ ပုံမှာ မြင်တွေ့ နေရတဲ့ အသက်ကြီး အဘိုးနဲ့ အဘွားဟာ အပြင်မှာ တကယ်ပဲ လက်ချင်း ဆုပ်ကိုင်လို့ သေဆုံးသွားကြပါတယ်။ သူတို့ တွဲခဲ့တဲ့ သက်တမ်းက နှစ်၆၀ ကျော်ပါတယ်။ အမေရိကန်နိုင်ငံသားများ ဖြစ်ပြီး Don နဲ့ Maxine Simpson တို့ ဖြစ်ပါတယ်။ Don က ဆောက်လုပ်ရေး အင်ဂျင်နီယာ ဖြစ်ပါတယ်။ 

၁၉၅၀ ကျော်က အိမ်ထောင်ပြုပြီး ကမ္ဘာပတ်လို့ ဘဝကို အတူဖြတ်သန်း ခဲ့ကြ ပါတယ်။ အိမ်ထောင်ဘဝ သက်တမ်း တစ်လျှောက်လည်း တစ်ဦးပေါ် တစ်ဦး သစ္စာ ရှိကြပြီးတော့ အသက်ရှင် နေထိုင်ကြ ပါတယ်။ သားသမီး နှစ်ဦး မွေးစား ပါတယ်။ အသက်တွေ ကြီးလာတဲ့ အထိ သူတို့ရဲ့ အချစ်ဟာ ပျက်ယွင်းမသွားပဲ ပိုလို့တောင် ပိုခဲ့ပုံ ရပါတယ်။ ရောဂါ အရင် ရတာ ကတော့ အမျိုးသမီး Maxine ဖြစ်ပြီးတော့ ကင်ဆာ ရောဂါ ဝေဒနာကို ခံစား ရပါတယ်။ သို့ပေမယ့် ရုတ်တရက် ရောဂါ ဖြစ်ပြီးတော့ ဆေးရုံ တင်လိုက်ရသူကတော့ အမျိုးသား ဖြစ်သူ Don ဖြစ်ပါတယ်။ ဒီတော့ အိမ်မှာ တစ်ယောက်တည်း ကျန်ရစ်တဲ့ Maxine ရဲ့ ရောဂါလည်း ပိုလာပြီးတော့ နှစ်ယောက်စလုံးကို ကုတင်ဘေးချင်း ယှဉ်လို့ ထားရတဲ့ အနေအထားကို ရောက်ရှိ သွားပါတယ်။

သေဆုံးတဲ့ အခါကျတော့လည်း အမျိုးသမီး ဖြစ်သူက အရင်သေပေမယ့် တစ်နာရီလောက်သာ ခြားပြီးတော့ အမျိုးသား ဖြစ်သူလည်း အသက်ကုန်ဆုံး သွား ပါတယ်။ သူတို့ရဲ့ အကြောင်းဟာ အမေရိကန်က တီဗီချယ်နယ် အချို့မှာ အစီအစဉ် တစ်ခုအဖြစ် ပြန်လည် ဖော်ပြစရာ ဖြစ်ခဲ့ ပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယို များကို http://metro.co.uk/2014/08/05/true-love-story-elderly-couple-die-holding-hands-just-four-hours-apart-4821619/ ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။

Ref : Metro
အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...