ကက်ပီတယ်ဝမ်းဖလား တတိယအဆင့်
ဘာတန် ၀-၃ ဘရိုက်တန်(*)
(*)ချဲလ်ဆီး ၂-၁ ဘော်တန်
(*)မန်စီးတီး ၇-၀ ရှက်ဖီး
(*)စပါး ၃-၁ နော်တင်ဟမ်ဖောရက်စ်
ခရစ္စတယ်ပဲလေ့စ် ၂-၂ နယူးကာဆယ်(*)
အချိန်ပိုတွင်
(၂-၃)ဂိုးဖြင့် နယူးကာဆယ်နိုင်
(*)၀က်စ်ဘရွန်း ၃-၂ ဟူးလ်စီးတီး
(*)ပြထားသောအသင်းများ နောက်တစ်ဆင့်တက်ရောက်
.......................................................
စီးရီးအေပွဲစဉ်(၄)
ဂျူ ဗင်တပ် ၃-၀ ဆက်ဆနာ
အင်တာမီလန် ၂-၀ အတ္တလန္တာ
ကက်ဂလီယာရီ ၁-၂ တိုရီနို
ဖီအိုရင်တီးနား ၀-၀ ဆက်ဆူအိုလို
ဗီရိုနာ ၂-၂ ဂျီနိုအာ
ပါးမား ၁-၂ ရိုးမား
ဆမ်ဒိုးရီးယား ၂-၁ ချီယေဗို
နာပိုလီ ၃-၃ ပါလာမို
.....................................................
လီဂူး-၁ ပွဲစဉ်(၇)
ကိန်း ၀-၂ ပီအက်စ်ဂျီ
အီဗီယန် ၂-၁ လန်းစ်
ဂူအင်ဂမ့် ၀-၁ မက်ဇ်
လိုင်ယွန် ၄-၀ လိုရီယန့်
မွန့်ပယ်လီယာ ၀-၁ မိုနာကို
နိုက် ၁-၀ လိုင်လီ
ဘက်စ်တီယာ ၀-၀ နန့်စ်
.....................................................
ဘွန်ဒက်စ်လီဂါ ပွဲစဉ်(၅)
လေဗာကူဆင် ၁-၀ အော့စ်ဘတ်
ဒေါ့မွန် ၂-၂ စတုဂတ်
ဟန်နိုဗာ ၁-၀ ကိုလုံး
ဟာသာဘာလင် ၁-၀ ၀ုဖ်ဘတ်
မိုချန်ဂလာဘတ် ၁-၀ ဟမ်းဘတ်
...................................................
လာလီဂါ ပွဲစဉ်(၅)
မာလာဂါ ၀-၀ ဘာစီလိုနာ
ဗယ်လီကာနို ၂-၁ ဘီဘာအို
အီဘာ ၁-၁ ဗီလာရီးရဲလ်
အယ်လ်မီရီယာ ၀-၁ အက်သလက်တီကို
ဂရန်နာဒါ ၀-၁ လီဗန်တေး
ဆီဗီလာ ၁-၀ ဆိုစီဒက်
................................................
ဒုတိယပိုင်းမှာ (၇)ဂိုးသွင်းတဲ့ မန်စီးတီး
မန်စီးတီး ၇-၀ ရှက်ဖီး
ပွဲစကတည်းက တစ်ဖက်သတ် လွှမ်းမိုးနိုင်ခဲ့တဲ့ မန်စီးတီးဟာ ပထမပိုင်းမှာ ဂိုးသွင်းခွင့်တွေ ရခဲ့ပေမယ့် မန်ဂါလာရဲ့ ကန်ချက်တိုင်ထိ ထွက်ခဲ့တာ၊ ဒီဇီကို ခေါင်းတိုက်ချက် ကပ်လွဲခဲ့တာတွေကြောင့် ပထမပိုင်းမှာ ဂိုးမရခဲ့ပါဘူး။ ဒါပေမဲ့ ဒုတိယပိုင်းပြန်စပြီး (၂)မိနစ်အကြာမှာ မီလ်နာ ထိုးပေးတဲ့ ဘောလုံးကို လမ်းပတ် ကန်သွင်းပြီး အဖွင့်ဂိုး ရယူပေးခဲ့သလို နာဗက်စ်ရဲ့ ထိုးဖောက်မှုကနေ ဒီဇီကိုက ဒုတိယဂိုး ထပ်သွင်းခဲ့ပါတယ်။
ပွဲချိန်မိနစ်(၆၀)မှာ ဂိုးဧရိယာအတွင်း လမ်းပတ်ကို ကြမ်းကြမ်းတမ်းတမ်း ဖျက်ထုတ်တဲ့အတွက် ဇာရက်တီ တိုက်ရိုက်အနီကတ်နဲ့ ထုတ်ပယ်ခံရလို့ ရှက်ဖီး ကစားသမား တစ်ယောက်လျော့သွားခဲ့ပါတယ်။ အခုပွဲမှာ လမ်းပတ်နဲ့ ဒီဇီကိုတိှု့နှစ်ဂိုးစီ သွင်းခဲ့ကြပြီး မန်စီးတီးအတွက် ကျန်ဂိုးတွေကို နာဗက်စ်၊ တိုရေး(ပင်နယ်တီ)၊ ပေါ့ဇိုတို့ သွင်းပေးခဲ့တာပါ။
အော်စကာရဲ့ဂိုးကြောင့် ချဲလ်ဆီး နောက်တစ်ဆင့်တက်
ချဲလ်ဆီး ၂-၁ ဘော်တန်
ချဲလ်ဆီး တိုက်စစ်ပိုင်းကို ရီမီ ဦးဆောင်လာခဲ့ပြီး ကွင်းလယ်ပိုင်းမှာ အော်စကာ၊ ရှယ်လီ၊ အက်ကီ၊ ဆာလက်၊ မီခေးလ်တို့ ပွဲထွက်လာခဲ့ကြပါတယ်။ ပွဲချိန်အစောပိုင်းမှာ ရှယ်လီရဲ့ ပြစ်ဒဏ်ဘောကန်ချက်ကို ဘော်တန် ဂိုးသမား လွန်နီဂျန် ကာကွယ်နိုင်ခဲ့ပြီး သူ လက်စွမ်းပြနိုင်ခဲ့လို့ ချဲလ်ဆီး ဂိုးမပြတ်ခဲ့တာပါ။
ပွဲချိန်(၂၅)မိနစ်မှာ နောက်ခံလူ ဇူးမားက ချဲလ်ဆီး ကစားသမားဘ၀ ပထမဆုံးဂိုး စသွင်းခဲ့ပေမယ့် (၆)မိနစ်အကြာမှာ မတ်မေးလ်က အားပါတဲ့ခေါင်းတိုက်ချက်နဲ့ ချေပဂိုးပြန်သွင်းခဲ့ပါတယ်။ အဲဒီနောက်မှာ ချဲလ်ဆီး ဂိုးရဖို့ နီးစပ်ခဲ့ပေမယ့် အက်ကီရဲ့ကန်ချက်၊ အော်စကာရဲ့ ခေါင်းတိုက်ချက်တွေကို လွန်နီဂျန် ကာကွယ်နိုင်ခဲ့လို့ ဂိုးမရခဲ့တာပါ။ ပွဲချိန် (၅၅)မိနစ်မှာတော့ တန်ပြန်တိုက်စစ်ကနေ အော်စကာက ချဲလ်ဆီးအတွက် အနိုင်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။
နိုင်ပွဲရပ်တန့်သွားတဲ့ ဘာစီလိုနာ
မက်ဆီ၊ နေမာ၊ ရာကီတစ်၊ ပတ်ဒရို၊ အင်နီယေစတာတို့လို အဓိက ကစားသမားတွေနဲ့ ပွဲထွက်လာတဲ့ ဘာစီလိုနာဟာ မာလာဂါကို ဖိအားပေးကစားနိုင်ခဲ့ခြင်းမရှိပါဘူး။ မာလာဂါကတောင် ဂိုးရဖို့ ပိုနီးစပ်ခဲ့ပါသေးတယ်။ ပွဲချိန် (၈)မိနစ်မှာ အမ်ရာဘတ်ရဲ့ ကန်ချက်ကို ဘရာဗို ပုတ်ထုတ်နိုင်ခဲ့လို့ ဘာစီလိုနာ ဂိုးမပေးခဲ့ရတာပါ။
မာလာဂါ ခံစစ်ကြောင်းကို မက်ဆီ၊ နေမာတို့ ထိုးဖောက်နိုင်ခဲ့ခြင်းမရှိဘဲ (၂၆)မိနစ်မှာ ဧရိယာထဲက မက်ဆီ ကန်သွင်းတာ ဂိုးပေါက်နဲ့ လွဲချော်ခဲ့သလို ပထမပိုင်း ပြီးခါနီးမှာလည်း ဂျော်ဒီအယ်လ်ဘာရဲ့ ဖြတ်တင်ဘောကို မက်ဆီ ပိတ်သွင်းဖို့ ကြိုးစားပေမယ့် လွဲချော်ခဲ့ပြန်ပါတယ်။ ဒုတိယပိုင်းမှာ ဘာစီလိုနာ ခြေစွမ်းပိုဆိုးခဲ့ပြီး အယ်လ်ဘာတိုရဲ့ ပွဲချိန်(၇၁)မိနစ် ပြစ်ဒဏ်ဘော ကန်ချက်ကို ဘရာဗို ပုတ်ထုတ်နိုင်ခဲ့လို့ ရှုံးပွဲမကြုံခဲ့တာ ဖြစ်ပါတယ်။
Nz(ရိုးရာလေး)


0 comments:
Post a Comment