Thursday, September 25, 2014

စစ်ကိုင်းတိုင်းအတွင်း စက်ဘီးအစီး(၁၀၀)ဖြင့် လှည့်ကင်းဆောင်ရွက်မည်


သတင်း +ဓာတ်ပုံ = ကိုတိုးကြီး
မုံရွာ၊
ပြည်သူကို ထိရောက်သော ၀န်ဆောင်မှုများ ပေးနိုင်ရန် စက်ဘီး အစီး(၁၀၀)ဖြင့် စစ်ကိုင်းတိုင်းဒေ သကြီးအား မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လာမည့် အောက်တိုဘာ(၁)ရက်နေ့မှစတင်ပြီး လှည့်ကင်းများ ဆောင် ရွက်ပေးသွားမည်ဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ ယနေ့မနက်ပိုင်း က သတင်းထုတ်ပြန်လိုက်သည်။စက်ဘီးအစီး(၁၀၀)ကို ခရိုင်(၉)ခရိုင်မှာရှိနေတဲ့ လှည့်ကင်းတာဝန်ကျ ရဲတပ်ဖွဲ့ဝင်တွေကို လာမည့် အောက် တိုဘာ(၁)ရက်နေ့မှာ ဖြန့်ဝေပေးသွားမှာဖြစ်ပါတယ်..” ဟု မုံရွာခရိုင်ရဲတပ်ဖွဲ့မှူး ဒုတိယ ရဲမှူးကြီး ချင်းစိန်မှ ပြောပြသည်။
အဆိုပါ စက်ဘီးဖြင့် လှည့်ကင်းဆောင်ရွက်ခြင်းသည် အများပြည်သူ၏ လျှပ်တပြက် အခက်အခဲ များကို အချိန်တိုအတွင်း ထိရောက်သော ကူညီမှုများပေးနိုင်သည့်အတွက် သုံးစွဲရခြင်းဖြစ်သည်။ ဖွံ့ဖြိုးပြီးနိုင်ငံ တစ်ခုဖြစ်သော ဘယ်ဂျီယံနိုင်ငံ၏ ရဲလုပ်ငန်းများတွင် ပြည်သူကိုဝန်ဆောင်မှုပေးသည့် အခါ စက်ဘီး ကင်းလှည့်ခြင်းဖြင့်ပေးသည်။ အဆိုပါ နိုင်ငံ၏ ရဲလုပ်ငန်းများကို စစ်ကိုင်းတိုင်းဒေသ ကြီး တိုင်းရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေထွန်းမှ သွားရောက်လေ့လာခဲ့ပြီးနောက် စစ်ကိုင်းတိုင်းအတွင်း စက်ဘီးလှည့်ကင်းများ ပြန်လည် ကျင့်သုံးလာခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...