Tuesday, September 23, 2014

မိန်းကလေး အချင်းချင်း လိင်တူလက်ထပ်ပြီး ကိုယ်ဝန်ဆောင်၊ အမြွှာပူးလေးမွေးလာမည်


ဒီနေ့ခေတ်မှာ အမျိုးသား တွေတောင် ကိုယ်ဝန်ဆောင်လို့ ရနေပြီဖြစ်ပါတယ်။ မိန်းကလေး အချင်းချင်း လက်ထပ် ပေါင်းသင်း ယူရာမှာလည်း ကိုယ်ဝန်ဆောင်မှုတွေ ပြုလုပ်နိုင်ပြီ ဖြစ်ပါတယ်။
အင်္ဂလန်နိုင်ငံက နာမည်ကျော် အမျိုးသမီးဘောလုံး ကစားသမား တစ်ဦးဖြစ်တဲ့ ကာဆီစတိုနီဟာ အမျိုးသမီး အချင်းချင်း ချစ်ကြိုက်ခြင်းကို ၀ါသနာပါသူ ဖြစ်ပါတယ်။ ကာဆီစတိုနီဟာ သူ့ရဲ့ အဖော်ဖြစ်သူ မီဂန်ဟာရစ်နဲ့ ကာလရှည် လက်တွဲခဲ့ပါတယ်။ အခုချိန်မှာ မီဂန်ဟာရစ်ဟာ ကိုယ်ဝန်ဆောင် နေပြီဖြစ်ပါတယ်။ ကာဆီစတိုနီဟာ မီဂန်ဟာရစ်နဲ့ အတူနေပြီး တဲ့နောက်မှာ ကလေးရယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကလေး ရယူရာမှာ နောက်ဆုံးပေါ် ဆေးပညာတွေကို အသုံးပြုခဲ့ရပါ တယ်။ သန္ဓေသားဖန်ပြွန် ဆောင်တဲ့နည်းနဲ့ မီဂန်ဟာရစ်မှာ ကိုယ်ဝန်ရှိဖို့ ကြိုးစားခဲ့တာ ဖြစ်ပါတယ်။ ဒီလိုပြုလုပ်ရာမှာ ပေါင်(၁၅၀၀၀) အထိ ကုန်ကျခဲ့ပါတယ်။ အခုဆိုရင် မီဂန်ဟာရစ်ဟာ ကိုယ်ဝန်ဆောင်နေပြီး လာမယ့် အောက်တိုဘာ မှာ မွေးဖွားမယ်လို့ ခန့်မှန်းထားပါတယ်။ မီဂန်ဟာရစ်ဟာ အမြွာပူးလေး မွေးဖွား လိမ့်မယ်လို့ ဆိုထားပါတယ်။ အမျိုးသမီး အချင်းချင်း လက်ထပ်ပေါင်းသင်းပြီး ကလေး ရယူဖို့ ကြိုးစားခဲ့ တာကို ထောက်ခံသူတွေရှိခဲ့ သလို ဝေဖန်သူတွေလည်း ရှိခဲ့ပါတယ်။ ဒါပေမဲ့ အင်္ဂလန် လက်ရွေးစင် ကစားသမား တစ်ဦး ဖြစ်တဲ့ ကာဆီစတိုနီ ကတော့ သူ့ရဲ့ခံစားမှု အတိုင်းပြုလုပ်တာ ဖြစ်တာမို့ ဂရုစိုက်နေမှာ မဟုတ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။ ကာဆီစတိုနီ ဟာအင်္ဂလန် အသင်းနဲ့ (၁၁၇)ပွဲ ပါဝင်ကစားထားပြီး အာဆင်နယ် အသင်းမှာလည်း နောက်ခံကစားသမား အဖြစ် ကစားလျက် ရှိပါတယ်။ ကာဆီစတိုနီဟာ သူ့အနေနဲ့လိင်တူချင်းကို စိတ်ဝင်စားကြောင်း ပြီးခဲ့တဲ့ ဇူလိုင်မှာဖွင့်ဟ ၀န်ခံခဲ့ပြီးတဲ့နောက် အဖော်ဖြစ်သူနဲ့ ကလေးရယူဖို့ ကြိုးစားခဲ့ခြင်း ဖြစ်ပါတယ်။

Messenger

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...