မန်စီးတီးနှင့် ချယ်လ်ဆီးတို့ ကစားသည့် ယမန်နေ့ည ပရီမီယာလိဂ်ပွဲစဉ်တွင် တစ်ဖက်တစ်ဂိုးစီဖြင့် သရေပွဲဖြစ်ခဲ့သည်။ ယင်းပွဲတွင် ချယ်လ်ဆီးသမိုင်းတစ်လျှောက် ဂိုး အများဆုံး စံချိန်တင်သွင်းယူခဲ့သည့် လမ်းပတ်က မန်စီးတီးအတွက် ပွဲချိန် ၈၅ မိနစ်တွင် ချေပဂိုးသွင်းယူခဲ့သည်။ ယင်းဂိုးမသွင်းမီ ရှာရယ်လ်က ချယ်လ်ဆီးအတွက် ဦးဆောင်ဂိုး သွင်းယူပေးခဲ့သည်။ ''လမ်းပတ်သွင်း ယူခဲ့တဲ့ဂိုးကို ကျွန်တော်တို့ စိတ်မလှုပ်ရှားမိပါဘူး။ မန်စီးတီးကို သူရောက်သွားတဲ့ အချိန်ကစလို့ သူနဲ့ကျွန်တော်တို့ ချယ်လ်ဆီး အသင်းရဲ့ သံယောဇဉ်ဟာ ပြတ်သွားခဲ့ပါပြီ။ သူနဲ့ချယ်လ်ဆီး ဘာမှမဆိုင် တော့ပါဘူး''ဟု ချယ်လ်ဆီးနည်းပြ မော်ရင်ဟိုက ဆိုသည်။
နွေရာသီက ချယ်လ်ဆီးအသင်းမှ ထွက်ခဲ့သည့် အင်္ဂလန်ကွင်းလယ် ကစားသမားဟောင်း လမ်းပတ်သည် လူစားအဖြစ်ဝင်ကစားပြီး ချေပဂိုး သွင်းယူခဲ့သည်။ ''လမ်းပတ်က မန်စီးတီးကစားသမား'' ဟု မော်ရင်ဟိုက ဆိုသည်။ လမ်းပတ်သည် ချယ်လ်ဆီးအသင်းတွင် ၂ဝဝ၁ မှ ၂ဝ၁၄ ခုနှစ်အတွင်း ပွဲပေါင်း ၆၄၈ ပွဲတွင် ၂၁၁ ဂိုး သွင်းယူပေးခဲ့သည်။
ကောင်းမြတ်သူ

0 comments:
Post a Comment