Sunday, September 21, 2014

ယာဉ်နှင့်စက်ဘီးတို့ တိုက်မိသကဲ့သို့ဖြစ်ရာမှ စကားများရန်ဖြစ်စဉ် စက်ဘီးစီးသူများမှ ဓါးဖြင့်ထိုးခဲ့၍ (၁)ဦးသေ၊ (၁)ဦးဒဏ်ရာရ


ရန်ကုန်၊ စက်တင်ဘာ ၂၀

၂၀.၉.၂၀၁၄ ရက်နေ့ ၀၀၃၀ အချိန်ခန့်တွင် လှိုင်သာယာမြို့နယ်နေ မလင်းလင်းထိုက်သည် နေအိမ်၌ ရှိနေစဉ် ယာဉ်နောက်လိုက်အဖြစ်အလုပ် လုပ်ကိုင်သော ခင်ပွန်းဖြစ်သူ ဝေလေး(ခ)ကိုဝေလင်း (၃၁)နှစ်မှာ ဓါးထိုးခံရ၍ အင်းစိန်ဆေးရုံသို့ရောက်ရှိနေကြောင်း ကြားသိရသဖြင့် သွားရောက်ခဲ့ရာ ခင်ပွန်းဖြစ်သူတွင် ယာဘက်ရင်အုံထိုးသွင်းဒဏ်ရာ(၂)ချက်၊ ယာတံတောင်ဆစ်ထိုးသွင်းဒဏ်ရာ (၁)ချက်၊ ယာပေါင်ထိုးသွင်း ဒဏ်ရာ(၁)ချက်တို့ရထားသည်ကို တွေ့ရှိရပြီး ဆေးကုသမှုခံယူနေစဉ် ၀၂၀၀ အချိန်၌သေဆုံး သွားခဲ့ကြောင်းနှင့် ယာဉ်မောင်းဖြစ်သူ ကိုရန်နိုင်တွင်လည်း ဝဲတံတောင်ဆစ် ပြတ်ရှဒဏ်ရာ(၁)ချက်ရရှိကာ အင်းစိန်ဆေးရုံတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်း၊ ဖြစ်စဉ်အား စုံစမ်းရာ လှိုင်သာယာ မြို့နယ်၊ (၁၆) ရပ်ကွက်၊ အ.ထ.က(၃)ကျောင်းရှေ့တွင် ခင်ပွန်းဖြစ်သူဝေလေး(ခ)ကိုဝေလင်းနှင့် ယာဉ်မောင်းဖြစ်သူ ကိုရန်နိုင်တို့ မောင်းနှင်လာသောယာဉ်နှင့် ဘိုဘို(စုံစမ်းဆဲ)နှင့် ချစ်စမ်းမောင်(စုံစမ်းဆဲ)အဖွဲ့တို့ စီးနင်း
လာသောစက်ဘီးတို့ တိုက်မိသကဲ့သို့ဖြစ်ရာမှ စကားများ ရန်ဖြစ်စဉ် ဘိုဘိုနှင့် ချစ်စမ်းမောင်တို့အဖွဲ့မှ ဓါးဖြင့်ထိုးခဲ့ခြင်းဖြစ်ကြောင်းသိရှိရသဖြင့် အရေးယူပေးရန် တိုင်တန်းလာခဲ့ပါသည်။
တိုင်တန်းချက်အရ လှိုင်သာယာမြို့မရဲစခန်း(ပ)၁၃၆၉/၂၀၁၄၊ ပြစ်မှုပုဒ်မ ၃၀၂/၃၂၄/၁၁၄ဖြင့် အမှုဖွင့်လှစ်၍ ဘိုဘိုနှင့် ချစ်စမ်းမောင်တို့အဖွဲ့အား ဖမ်းဆီးရမိရေးစုံစမ်းဆောင်ရွက်ခဲ့ပါသည်။
လှိုင်သာယာမြို့မရဲစခန်းမှတပ်ဖွဲ့ဝင်များသည် ပြစ်မှုကျူးလွန်ရာတွင်ပါဝင်သူ ညီညီ(ခ)ဘိုဘို (၂၅)နှစ်၊ (၁၈)ရပ်ကွက်၊ လှိုင်သာယာမြို့နယ်နေသူအား
၁၈၃၀ အချိန်တွင် ဖမ်းဆီးရမိခဲ့ပြီး စစ်ဆေးလျက်ရှိကာ ကျန်ပြစ်မှုကျူးလွန်သူ
များအား ဖမ်းဆီးရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိပါသည်။


Yangon Police

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...