Sunday, August 31, 2014

စိတ်ဖိစီးမှုကို ပိုဆိုးရွားစေနိုင်တဲ့ အစားအစားသုံးမျိုး

အစားအစာတွေကို မျှမျှတတစားသုံးတယ်ဆိုရင် အန္တရာယ်မရှိကြပါဘူး။ အလွန်အကျွံစားသုံးခြင်းကနေ ဘေးဖြစ်သွားတာပဲ များပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အစားအစာတွေကတော့ စိတ်ဖိစီးမှုကို ပိုဆိုးရွားစေတာမို့လို့ သင်၎င်းဝေဒနာခံစားနေတဲ့အချိန်မှာ ရှောင်ရမှာပဲဖြစ်ပါတယ်။

ဂျုံခေါက်ဆွဲများ

ဂျုံခေါက်ဆွဲတွေဟာ ပြင်ဆင်ရတာအချိန်ကုန်သက်သာပြီး အရသရှိတဲ့အတွက် အလုပ်ရှုပ်သက်သာစေပါတယ်။ ဒါပေမယ့် အချိန်တိုင်းအတွက် မကောင်းပါဘူး။ ပါစတာ၊ ဆန်ဖြူ အစရှိတဲ့ အစားအစာတွေဟာ အသက် ၅၀ ကျော် လူကြီးများအတွက် ဦးနှောက်ယောင်ယမ်းစေတတ်ပြီး စိတ်ဖိစီးမှုခံစားရလွယ်ကူစေကြောင်း ၂၀၁၃၊ အောက်တိုဘာလထုတ် ဦးနှောက်ဆိုင်ရာဂျာနယ်မှာ ဖော်ပြထားပါတယ်။

အချိုရည်

ကိုကာကိုလာ၊ ဆိုဒါ စတဲ့အချိုရည်အအေးတွေဟာ ရေဆာခြင်းကို ထိထိရောက်ရောက်သက်သာစေနိုင်ပေမယ့် လိုအပ်တဲ့အချိန်မှာပဲ မဟုတ်ပဲ အပျင်းဖြေသောက်ဖို့ အသုံးပြုမယ်ဆိုရင်တော့ စိတ်ဖိစီးမှုပိုပြီး များလာစေနိုင်တဲ့ အလားအလာရှိပါတယ်။ အဲဒါကြောင့် မသောက်ခင်မှာ ကိုယ့်အခြေအနေကို ပြန်သုံးသပ်ပြီးမှ စိတ်ဓါတ်ကျနေတယ်ဆိုရင်တော့ ရှောင်ရှားသင့်တဲ့အစားအစာတစ်မျိုးပဲ ဖြစ်ပါတယ်။

အသင့်စားနိုင်တဲ့အစားအစာများ

အသင့်စားနိုင်တဲ့အစားအစာကို စားသုံးတဲ့သူတွေဟာ မစားတဲ့သူထက် စိတ်ဖိစီးမှုဒဏ် ၅၁% ပိုခံစားနိုင်ချေရှိကြောင်း လေ့လာတွေ့ရှိထားပါတယ်။ ဟမ်ဘာဂါ၊ ဟော့ဒေါ့၊ ပီဇာ စတဲ့အစားအစာတွေလည်း ပါဝင်ပါတယ်။

Ref:worldobserveronline.com

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...