တောင်ကိုရီးယား နိုင်ငံ အနောက်ပိုင်းရှိ အင်ချွန်းမြို့၌ စက်တင်ဘာ ၁၉ ရက် ညနေပိုင်းက ကျင်းပ ခဲ့သော (၁၇)ကြိမ်မြောက် အာရှ အားကစားပွဲတော် ဖွင့်ပွဲ အခမ်း အနားတွင် ကမ္ဘာကျော် တောင်ကိုရီး ယား ပေါ့ပ်အဆိုတော် Psy က ၎င်း၏ ဂမ်းနမ်စတိုင် တေးသီချင်းဖြင့် ဖျော်ဖြေ ခဲ့ကြောင်း သိရသည်။အားကစား ဖွင့်ပွဲ အခမ်းအနားသို့ တောင်ကိုရီးယား သမ္မတပါ့ခ်ဂွမ်ဟေး တက်ရောက် ဖွင့်လှစ် ပေး ခဲ့ခြင်း ဖြစ်ပြီး အဆိုပါ အားကစား ပွဲတော်တွင် နိုင်ငံပေါင်း ၄၅ နိုင်ငံမှ အားကစားသမား ၁၄ဝဝဝ ကျော် ပါဝင် ယှဉ်ပြိုင် သွားမည် ဖြစ်သည်။
နန်းတွင်း ရတနာ ဇာတ်လမ်းတွဲမှ ချန်ဂင်ဇာတ်ကောင် အဖြစ် မြန်မာ ပရိသတ်များကို ဖမ်းစား ခဲ့သော နာမည်ကြီးမင်းသမီး လီယောင်အေးက အဆိုပါ အားကစားပွဲတော်၏ အိုလံပစ် မီးရှူး တိုင်ကို ထွန်းညှိ ဖွင့်လှစ် ပေးခဲ့သည်။
(၁၇) ကြိမ်မြောက် အာရှ အားကစားပွဲတော် ဖွင့်ပွဲ အခမ်းအနားတွင် Psyအပြင် Kpop နာမည်ကြီး အဆို အဖွဲ့ဖြစ်သည့် EXO အဖွဲ့၏ ဖျော်ဖြေမှု ကိုလည်း ပရိသတ်များက တစ်ခဲနက် အားပေး ခဲ့ကြောင်း သိရသည်။
Ref:PTI
မြ၀တီ

0 comments:
Post a Comment