Thursday, September 11, 2014

အသားဖြူလို့ ကျောင်းနေဖက်တွေရဲ့ ရန်မူတိုက်ခိုက်ခံရတဲ့ ကျောင်းသူမ လေး


တောင်ကယ်ရိုလိုင်းနားက အသက် ၁၆ နှစ်အရွယ်ကျောင်းသူတစ်ဦးကို အခြားကျောင်းနေဖက် ကျောင်းသူတစ်ဦးမှ အပြင်းအထန်တိုက်ခိုက်မှု ကြောင့် မျက်နှာတစ်ခုလုံး ကြီးကြီးမားမားထိခိုက်မှုဖြင့် ဆေးရုံသို့ရောက်ရှိ သွားခဲ့ကြောင်းသိရပါတယ်။ 

ဖြစ်စဉ်မှာ အဆိုပါ ကျောင်းသူက မျက်နှာကို အနောက်ပိုင်းသူတွေလိုဖြူ ဖွေးဆုပ်အောင် အလှပြင်ခြယ်သ ထားတဲ့အတွက် ကျောင်းကားပေါ်တက် စဉ်မှာပဲ ကျောင်းသူအချင်းချင်း ရန်မူတိုက်ခိုက်ခြင်း ခံရတာဖြစ်ပါတယ်။ဦး ခေါင်း၊ကျောခုံး၊ ဘယ်ဘက်မျက်စိနဲ့မျက်နှာတစ်ပြင်လုံးတို့မှာ ဒဏ်ရာကြီး ကြီးမားမားရရှိသွားခဲ့ပါတယ်။

တိုက်ခိုက်ခံရတဲ့ ကျောင်းသူမိန်းကလေးက ဒီလိုတိုက်ခိုက်မှုမျိုးကို ယခင်က လည်းအကြိမ်ပေါင်း များစွာခံခဲ့ရတာဖြစ်ကာ အနက်ရောင်အသားရည်ပိုင်ရှင် များအကြားမှာ အနည်းငယ်ဖြူနေတဲ့ သူမရဲ့ ဒီအသားရည်အပေါ် မနာလိုမှု ကြောင့်လည်းဖြစ်တယ်လို့ အမှုစစ်ဆေးသူက စစ်ဆေးပြောကြားပါတယ်။


“သမီးအတွက် ဒါက အရမ်းကိုကြောက်ဖို့ကောင်းတဲ့ ကိစ္စဖြစ်နေပါတယ်။ အ ရင်ကလည်း ဒီလိုမျိုးခဏခဏကြုံဖူးပါတယ်။ သမီးအသားရည်က သူတို့ တွေထက်နည်းနည်းပဲဖြူနေတာပါ။ ဒါကို မနာလိုဖြစ်ပြီး အခုလိုတိုက်ခိုက် တာပါ။ သမီးရဲ့ဒီအသားရည်ကို မလိုချင်ပါဘူး” လို့ပြောပါတယ်။



Credit: ဖိုးသူတော်

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...