Thursday, September 11, 2014

အခြေခံပညာအဆင့်ကျောင်းပေါင်းစုံ ကဗျာလွတ်အကပြိုင်ပွဲကျင်းပ


မြောင်းမြ စက်တင်ဘာ ၁ဝ

၂ဝ၁၄-၂ဝ၁၅ ပညာသင်နှစ် မြောင်းမြမြို့နယ် အခြေခံပညာ အဆင့်ကျောင်းပေါင်းစုံ ကဗျာလွတ် အကပြိုင်ပွဲ ကို စက်တင်ဘာ ၉ ရက် နံနက် ၈ နာရီက မြောင်းမြမြို့ ပညာရတနာခန်းမ၌ ကျင်းပသည်။ 

အခမ်းအနားတွင် မြောင်းမြခရိုင် ပညာရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပညာ ရေးမှူး ဆရာကြီးဦးခင်မောင်ဝင်းက ပြိုင်ပွဲကျင်းပရခြင်းအကြောင်း ရှင်းလင်းပြောကြားကာ ပြိုင်ပွဲအဖွဲ့ဝင်များက ကဗျာလွတ်အကဖြင့် ယှဉ်ပြိုင်ကြသည်။ 

ကျောင်းသား လူငယ်များ အနုပညာကိုစိတ်ဝင်စားမှု ရှိစေရေး၊ မြန်မာ့ရိုးရာအခြေခံကဗျာလွတ်အကကို နားလည် သဘောပေါက်စေရေး၊ ပညာရေးတွင်သာမက အနုပညာ၊ အားကစား စသည့်ဘက်စုံ ထူးချွန်သူများ ဖြစ်လာစေရေး ရည်ရွယ်ချက်များဖြင့် ယှဉ်ပြိုင်ပြုလုပ်သော အဆိုပါကဗျာလွတ်အကပြိုင်ပွဲကို မြို့နယ်အတွင်းရှိ အခြေခံပညာမူလတန်းကျောင်း ၂၈ ကျောင်းမှ 
အသက်(၅-၁ဝ)နှစ် ကျောင်းသူလေးများက အခြေခံစည်းချက်ညီညီ ကဗျာလွတ်အက၏ သတ်မှတ် စည်းကမ်းအတိုင်း ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။ 

ခရိုင်(ပြန်/ဆက်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...