တေးသံရှင် ထူးအယ်လင်းက သူ့ရဲ့ညီအစ်ကိုတွေနဲ့အတူ ၃ ယောက်တွဲရော့ခ်စီးရီးသစ်ထွက်ရှိ မယ်လို့ သိရပါတယ်။ ဒီစီးရီးသစ်ကို တော့ Three Brothers လို့အမည် ပေးထားပြီး ခေတ်သစ်ရော့ခ်ပုံစံတွေ ပါဝင်မယ်လို့လည်း သိရပါတယ်။
“တီးဝိုင်းကM.R.C ဆိုတဲ့ တီး ဝိုင်းအသစ်နဲ့ တီးထားတယ်။ ပုံစံ တွေကတော့ ဒီဘက်ခေတ်ပုံစံတွေ ပိုပါမယ်။ ကျွန်တော်ရယ်၊ အောင် ဖြိုးရယ်၊ ဖြိုးကိုရယ် ညီအစ်ကို အရင်း တွေချည်းပဲ။ သုံးယောက်စုလုပ်ထား တာ။ သီချင်းတွေကတော့ အောင်ဖြိုး ရေးတာများတယ်။ A7x တို့၊ Three Door Down တို့ အဲဒီလိုမျိုး မော်ဒန် ရော့ခ်ဖြစ်တဲ့ ပုံစံတွေ ပိုပြီးပါမယ်။ သီချင်းတွေက အောင်ဖြိုးပဲရွေးပေး တယ်” လို့ ပြောတဲ့ ထူးအယ်လင်း က ပြော ပြီးစီးရီးကို ၂ဝ၁၅ နှစ်ဆန်းပိုင်းမှာ ထွက်ရှိမယ်လို့သိရပါတယ်။ ထူးအယ် လင်းရဲ့စီးရီးတိုင်းမှာ သီချင်းအကြမ်း နဲ့အနု မျှတစွာပါပေမယ့် သီချင်းအေး အေးလေးတွေက ပရိသတ်ရင်ကို ပိုထိတာများပါတယ်။ အဲဒီအပေါ်မှာ လည်း ထူးအယ် လင်းရဲ့ အမြင်ကို မေးတော့ “ထမင်းစားကျောက်လို့ ခေါ်ရ မှာပေါ့ (ရယ်လျက်) သီချင်းက အမြဲတမ်းကြီးလည်းဝုန်းမနေနိုင်ဘူး လေ။တစ်ခါတလေလည်းသာသာ ယာယာ Soft ဖြစ်တဲ့အချိန်လေးတွေ လည်းရှိတာပေါ့။ကိုယ့်ကိုယ်ကိုယ် တောင်နာမည်ပေးထားတယ်။မော်ဒန် မင်းအောင်ဆိုပြီး။ သီချင်းစတိုင်တွေ အားလုံးနဲ့ကတော့ အိုကေပါ တယ်။ တစ်ခါတလေ ကြမ်းတဲ့အခါရှိသလို လွမ်းတဲ့အခါလည်းရှိတော့ မု(ဒ်)အမျိုး မျိုးပေါ်မူတည်ပါတယ်” လို့ ပြောတဲ့ ထူးအယ်လင်းကို ယခင်အိမ်ထောင် သည်ဘဝနဲ့ အခုလူလွတ်ဖြစ်သွားတဲ့ ဘဝ ဘာကွာသွားလဲဆိုတာမေးတော့ ပိုလွတ်လပ်သွားသလို ပိုလည်းပျက် စီးသွားတယ်လို့ ဆိုပြီးသူ့ရဲ့သမီးလေး အပေါ်ထားတဲ့မျှော်မှန်းချက်ကို ဆက် မေးပြန်တော့ “သမီးအတွက်ကတော့ ဘဏ်ထဲမှာသူ့အတွက်သီးသန့်ငွေ စု ထားတယ်။ ရည်မှန်းချက်တွေကတော့ ကိုယ်ထားချင်တိုင်းဖြစ်တာမှ မဟုတ် တာ။ သမီးအတွက် ခွန်အားတစ်ခု ဖြစ်တာကတော့သူ့အဖေလည်း ငယ်ငယ်က ဒီလိုပဲရုန်းကန်လာခဲ့တာ ဆိုတော့ သမီးရဲ့စိတ်ဓာတ်ပိုင်းဆိုင် ရာမာကြောမှုကလည်း တခြား ကလေးတွေနဲ့မတူဘူး။ Extreme ဖြစ်တယ်။ ဒါက ကျွန်တော်သင်ပေး တာမဟုတ်ဘူး။ သူ့ကိုဘဝကသင် ပေးသွားတာ။ ဒါကိုမပျက်စီးအောင် ကျွန်တော်တို့က တွန်းပေးရ မယ်။ ကျွန်တော်လည်း ဒီတစ်သက် အိမ် ထောင်ပြုမှာမဟုတ်ဘူး။ ကိုယ့်သမီး ပဲ ပြန်ကြည့်မှာပါ” လို့ ထူးအယ် လင်းက ပြောပြခဲ့ပါတယ်။
ရဲရဲ

0 comments:
Post a Comment