Thursday, September 25, 2014
ပြီးခဲ့တဲ့ ရက်ပိုင်းတွေက စီရိုနယ်ဒို မန်ချက်စတာယူနိုက်တက်ဆီ ပြန်သွား တော့မည့် သတင်းများ ကျယ်ကျယ်လောင်လောင် ထွက်လာခဲ့ပြီး ထိုသတင်းများသည် မဟုတ်မှန်ကြောင်း မိမိ ရီးရဲလ်မတ်ဒရစ် မှာ ပျော်ရွှင်နေကြောင်း ကာယကံရှင်က ငြင်းချက် ထုတ်လိုက်ပါတယ်။
“အဲ့ဒီ ကျွန်တော့် အနာဂါတ်နဲ့ ပါတ်သတ်ပြီး ပြောဆိုနေကြတာတွေ အားလုံးဟာ ထင်မြင်ချက်တွေ သက်သက်သာ ဖြစ်ပါတယ်။ ကျွန်တော် ရီးရဲလ်မှာပဲ ရှိမှာပါ ဒီမှာ ပျော်ပါတယ်။ အခု ဘောလုံးရာသီကလည်း အားလုံး အဆင်ပြေ ချောမွေ့ပါတယ်၊ ကျွန်တော့ အနာဂါတ်နဲ့ ပါတ်သတ်ပြီး စကား ပြောလိမ့်မှာ မဟုတ်ပါဘူး” ဟု သူနှင့်ပါတ်သတ်ပြီး ထွက်ပေါ်နေတဲ့ သတင်းများကို ငြင်းဆိုလိုက်ပါတယ်။
ယမန်နေ့က အဲလ်ချီ နဲ့ပွဲမှာ ရော်နယ်ဒိုဟာ (4)ဂိုးသွင်းယူခဲ့ပြီး ပြီးခဲ့တဲ့ သုံးရက်က ဒီပို့တီပို နဲ့ပွဲ့မှာလည်း (3)ဂိုး သွင်းယူခဲ့ကာ ဒီရာသီ တာထွက် အစမှာတင် (5)ပွဲကန် (9)ဂိုး သွင်းယူထားနိုင် နေပါတယ်။
Football Café
0 comments:
Post a Comment