Tuesday, September 23, 2014

နာမည်လေးလုံးပိုင်ရှင် အမျိုးသမီးအဆိုတော်နဲ့ လုံးဝမဟုတ်ပါဘူးလို့ ငြင်းဆိုသွားတဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် ထွန်းကိုကို


ဖက်ရှင်ဒီဇိုင်းဆန်းဆန်းပြားပြားနဲ့ စတိုင်လ်ကျကျ ဝတ်ဆင်တတ်ပြီး၊ မာန်ပါပါ ဟန်ပါပါအပြည့်နဲ့ တေးသီချင်းတွေကိုသီဆိုတတ်သူ နာမည်လေးလုံးပါ မြန်မာနိုင်ငံရဲ့လက်ရှိမှာ ထိပ်တန်းစာရင်းဝင် အဆိုတော်တစ်ယောက်နဲ့ ချစ်ကြိုက်နေတယ်လို့ နာမည်ထွက်နေ တဲ့ မော်ဒယ်လ်၊ သရုပ်ဆောင် ထွန်းကိုကို ကို ထွက်ရှိနေတဲ့ သတင်းပေါ် မေးမြန်းကြည့်လိုက်တဲ့အခါ “ကျွန်တော်နဲ့ ဆိုတာ လုံးဝ မဟုတ်ပါဘူး။ ကျွန်တော်တောင် အလုပ်ကိစ္စနဲ့ သူနဲ့နှစ်ခါလောက်ပဲ အပြင်မှာ ဆုံဖူးပါတယ်။ နောက်ပြီး အဲဒီ့လောက်ထိ တရင်းတနှီး ပတ်သက်ရလောက်တဲ့ ခင်မင်ရင်းနှီးမှုမျိုးလည်း မရှိပါဘူး။ ကျွန်တော် တောင် ကြားကြားချင်း အရမ်းအံ့သြသွားတယ်။ ဘာပြောရမှန်းတောင် မသိလောက်အောင် ပါပဲ”လို့ ငြင်းဆိုသွားပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...