Wednesday, September 10, 2014

ဆီမီးဖိုင်နယ် ပွဲ တွင် အိမ် ရှင် ဗီ ယက် နမ် အ သင်း နှင့် ရင်ဆိုင် ရတော့မည့် ဘရူနိုင်း ဘုရင့် ဖလား ချန်ပီယံ မြန်မာ ယူ-၁၉


အာဆီယံ ယူ-၁၉ ပြိုင်ပွဲတွင် မြန်မာ အသင်း အင်ဒိုနီးရှား အသင်းကို ခြေစွမ်းအသာဖြင့် ၃ဂိုးပြတ်သွင်းပြီး အုပ်စု ပထမဖြင့် ဆီမီးတက်

ရန်ကုန် စက်တင်ဘာ ၁၀

ဗီယက်နမ် နိုင်ငံတွင် ကျင်းပလျက် ရှိသည့် အာဆီယံ ယူ-၁၉ ဘောလုံးပြိုင်ပွဲ အုပ်စု နောက်ဆုံး ပွဲစဉ်များကို ယနေ့ ညနေပိုင်းတွင် ဆက်လက် ကျင်းပရာ မြန်မာ ယူ-၁၉ အသင်း က အင်ဒိုနီးရှား ယူ-၁၉ အသင်းကို သုံးဂိုး ပြတ်ဖြင့် အနိုင်ရရှိကာ အုပ်စု ပထမဖြင့် ဆီမီးဖိုင်နယ်သို့ တက်ရောက် သွားသည်။

မြန်မာ အသင်းမှာ အုပ်စု ပွဲစဉ်များ၌ ထိုင်းနှင့် အင်ဒိုနီးရှား နှစ်သင်းစလုံးကို အနိုင်ယူကာ ခြောက်မှတ်ဖြင့် အုပ်စု ပထမနေရာ ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင် ခဲ့ခြင်း ဖြစ်သည်။

မြန်မာအသင်းမှာ ပွဲပယ်ခံ ထားရသည့် ကျော်မင်းဦးမှ လွဲ၍ အောင်သူ၊ နန္ဒကျော်၊ မောင်မောင်စိုး၊ ထိုက်ထိုက်အောင် တို့ဖြင့် လူစုံ အသုံးပြုခဲ့ပြီး အင်ဒိုနီးရှားကို ခြေအ သာ ဖြင့် ကစားသွား ခဲ့သည်။

မြန်မာအသင်း အတွက် ၁၈မိနစ်တွင် ကွင်းလယ်လူ ငြိမ်းချမ်းအောင်က အဖွင့်ဂိုး သွင်းယူခဲ့သည်။ ၃၁မိနစ်တွင် မောင်မောင်စိုးက အောင်သူ၏ ဖန်တီးပေးမှုမှ တတိယ ဂိုး သွင်းယူခဲ့သည်။

ဒုတိယပိုင်းတွင် မြန်မာအသင်း အတွက် တတိယ အနိုင်ဂိုးကို ၆၃ မိနစ်တွင် မောင်မောင်စိုးက သွင်းယူခဲ့သည်။

အုပ်စု(က) ပွဲစဉ်များ အပြီးတွင် မြန်မာ အသင်းက နှစ်ပွဲနိုင်၊ ခြောက်မှတ်ဖြင့် အုပ်စု ပထမ၊ ထိုင်းအသင်းက တစ်ပွဲနိုင်၊ တစ်ပွဲရှုံး၊ သုံးမှတ်ဖြင့် အုပ်စု ဒုတိယတို့ ရရှိကာ ဆီမီး ဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။

အုပ်စု(ခ) နောက်ဆုံးပွဲစဉ် အဖြစ် ယနေ့ည ၆နာရီက ဂျပန်ယူ- ၁၉ နှင့် ဗီယက်နမ် ယူ-၁၉ အသင်တို့ ဆက်လက် ယှဉ်ပြိုင်ကြရာ ဂျပန်က ဗီယက်နမ်ကို ၃ဂိုး- ၂ဂိုးဖြင့် အနိုင် ရရှိ သွားသည်။

အုပ်စု(ခ) ပွဲစဉ်များ အပြီးတွင် ဂျပန်က နှစ်ပွဲနိုင် ခြောက်မှတ်ဖြင့် အုပ်စု ပထမ၊ အိမ်ရှင် ဗီယက်နမ်က တစ်ပွဲနိုင်၊ တစ်ပွဲရှုံး သုံးမှတ်ဖြင့် အုပ်စု ဒုတိယ ရရှိကာ ဆီမီးဖိုင်နယ်သို့ တက်ရောက်ခဲ့သည်။

ဆီမီးဖိုင်နယ် ပွဲစဉ်များကို စက်တင်ဘာ ၁၁ရက်တွင် ကျင်းပမည်ဖြစ်ရာ ညနေ ၄နာရီ၌ မြန်မာယူ-၁၉ အသင်းနှင့် အိမ်ရှင် ဗီယက်နမ် ယူ-၁၉ အသင်း၊ ည ၆ နာရီခွဲတွင် ဂျပန်-၁၉ နှင့် ထိုင်း ယူ-၁၉ အသင်းတို့ ယှဉ်ပြိုင် ကစားကြမည် ဖြစ်သည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...