ဆွစ်ဇာလန် ၀-၂ အင်္ဂလန်
စပိန် ၅-၁ မက်ဆီဒိုးနီးယား
ရုရှား ၄-၀ လစ်ခ်ျစတိန်း
သြစတီးယား ၁-၁ ဆွီဒင်
အက်စတိုးနီးယား ၁-၀ စလိုဗေးနီးယား
လူဇင်ဘတ် ၁-၁ ဘီလာရုစ်
မွန်တီနီဂရိုး ၂-၀ မော်ဒိုဗာ
ဆန်မာရီနို ၀-၂ လစ်သူရေးနီးယား
ယူကရိန်း ၀-၁ ဆလိုဗက်ကီးယား
ဘေဆယ်မှာ နိုင်ပွဲစတင်ရရှိတဲ့ အင်္ဂလန်
ဆွစ်ဇာလန် ၀-၂ အင်္ဂလန်
.....................၀ဲလ်ဘတ် ၅၈၊ ၉၀+၄(မိနစ်)
ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၁၆)သင်းအဆင့် တက်ရောက်နိုင်ခဲ့တဲ့ ဆွစ်ဇာလန်ဟာ ဦးဆောင်ဂိုးရဖို့ အကောင်းဆုံး အခွင့်အရေး ကြုံခဲ့ပေမယ့် ဆီဖာရိုဗစ်ရဲ့ ကန်ချက်ကို ဂျိုးဟတ် အံ့အားသင့်ဖွယ် ကာကွယ်ခဲ့တာကြောင့် ဂိုးရခွင့် ဆုံးရှုံးခဲ့သလို ပွဲချိန်မိနစ် (၇၀)မှာ ကာဟေးလ် ဂိုးစည်းပေါ်ကနေ ရှင်းထုတ်ခဲ့လို့ ချေပဂိုးနဲ့
ဝေးကွာခဲ့ရပြီး ယူရို ၂၀၁၆ ခြေစစ်ပွဲ အဖွင့်ပွဲစဉ်မှာ နှစ်ဂိုးပြတ် ရှုံးနိမ့်သွားခဲ့ရပါတယ်။
နှစ်သင်းစလုံး (၄-၃-၃) ကစားကွက် အသုံးပြုခဲ့ကြပေမယ့် ရွန်နီ၊ ၀ဲလ်ဘတ်၊ စတာလင်းတို့ရဲ့ တိုက်စစ်ပိုင်းက အခွင့်အရေးတွေ ပိုဖန်တီးနိုင်ခဲ့ပါတယ်။ ပထမပိုင်းမှာ အင်္ဂလန်ဘက်က ဂိုးသွင်းခွင့်ပိုရခဲ့ပြီး ဆွစ်ဇာလန်ကတော့ ဆီဖာရိုဗစ်ရဲ့ ကန်ချက်တစ်ကြိမ်ပဲ ဂိုးပေါက်ခြိမ်းခြောက်နိုင်ခဲ့ပါတယ်။ ပွဲချိန်(၅၈)မိနစ်မှာ စတာလင်းရဲ့ ဖြတ်တင်ဘောကနေ ၀ဲလ်ဘတ်က အဖွင့်ဂိုး သွင်းယူခဲ့သလို ထပ်ဆောင်းအချိန်ပိုမှာလည်း စတာလင်း၊ ရစ်ကီလမ်ဘတ်တို့ရဲ့ တွဲလုံးကနေ ၀ဲလ်ဘတ်က ပွဲသိမ်းဂိုး ထပ်သွင်းခဲ့ပါတယ်။
စိတ်ဝင်စားဖွယ်အချက်အလက်များ
(၂၀၁၃)ခုနှစ်က ဆန်မာရီနိုနှင့် ကစားခဲ့သည့် အဝေးကွင်းပွဲစဉ်နောက်ပိုင်း ပြိုင်ပွဲအဖြစ် ကစားသည့် အဝေးကွင်းပွဲစဉ်များတွင် ပထမဆုံးအကြိမ် အင်္ဂလန်နိုင်ပွဲ ရရှိခဲ့။
ပထမပိုင်းတွင် ဖေဘီယန်ဒပ်ဖ်၏ ဘောလုံးပေးပို့မှု ၂၆ကြိမ်စလုံး အောင်မြင်ခဲ့။
ယခုပွဲတွင် ဂိုးသွင်းခွင့်(၄)ကြိမ် ဖန်တီးနိုင်သည့် ရွန်နီသည် အခြားကစားသမားများထက် ဂိုးသွင်းခွင့် နှစ်ဆဖန်တီးနိုင်ခဲ့ခြင်းဖြစ်။
အင်္ဂလန်မှာ ယခင်ကစားခဲ့သည့် ပွဲစဉ်နှစ်ပွဲပေါင်းထက် ပထမပိုင်းတွင် ဂိုးပေါက်ကန်သွင်းမှု ပိုလုပ်နိုင်ခဲ့။
Nz(ရိုးရာလေး)

0 comments:
Post a Comment