Monday, September 8, 2014

၂၀၁၆ ခုနှစ်တွင် မောင်းသူမဲ့ကားများ မိတ်ဆက်ရန် General Motors စီစဉ်


General Motors (GM) ကားကုမ္ပဏီသည် လာမည့်နှစ်နှစ်အတွင်း မောင်းသူမဲ့ Cadillac ကားမော်ဒယ်များကို မိတ်ဆက်ရန် စီစဉ်ထားကြောင်း တနင်္ဂနွေနေ့က ထုတ်ပြန်ကြေညာခဲ့သည်။

အဆိုပါမောင်းသူမဲ့ကားများသည် Wi-Fi ချိတ်ဆက်ထားသော ကားများအချင်းအချင်း ယဉ်အသွားအလာနှင့် ပတ်သက်သည့် အချက်အလက်များကို ဖလှယ်နိုင်မည် ဖြစ်သည်။ ထို့အပြင် GM ၏ "Super Cruise" semi –automated နည်းပညာလည်း ပါဝင်လာမည် ဖြစ်ပြီး ၎င်းသည် မောင်းသူမဲ့ကားများကို အမြန်လမ်းမကြီးတွင် မောင်းနှင်သည့်အခါ လိုအပ်သော ထိန်းကျောင်းမှုနှင့် အမြန်နှုန်း ချိန်ညှိမှုများ ပြုလုပ်ပေးမည် ဖြစ်သည်။

၂၀၁၂ ခုနှစ်တွင် ထုတ်ဖော်ပြသခဲ့သည့် အဆိုပါ feature ကို ၂၀၁၆ ခုနှစ်တွင် မိတ်ဆက်ပြသမည့် ၂၀၁၇ မော်ဒယ် မောင်းသူမဲ့ Cadillac ကားများနှင့် အခြား GM ကားများတွင် ပါဝင်လာမည် ဖြစ်ကြောင်း GM အမှုဆောင်အရာရှိချုပ် မေရီဘာရာက ပြောကြားခဲ့သည်။

GM ၏ စနစ်သည် Google မှ စမ်းသပ်ထားသော မောင်းသူမဲ့ကားနှင့် မတူညီဘဲ မောင်းနှင်သူများ ကိုယ်တိုင် အာရုံစိုက်ရန် လိုအပ်ပြီး ၎င်းယာဉ်ကို ထိန်းချုပ်ရန် အသင့်ရှိနေရမည် ဖြစ်သည်။

Google သည် ယာဉ်အား လုံခြုံစွာ မောင်းနှင်စေနိုင်ရန် အာရုံခံစနစ်များနှင့် ဆော့ဖ်ဝဲစနစ်တစ်ခု အသုံးပြုထားသော နှစ်ယောက်စီး ပုံစံငယ်ကားကို မေလတွင် ထုတ်ဖော်ပြသခဲ့သည်။

Ref: CNET

internet journal

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...