
လူကြိုက်များသည့် တောင်ကိုရီး ယားတေးဂီတအဖွဲ့တစ်ဖွဲ့ဖြစ်သည့် 2NE1အဖွဲ့အား အဖွဲ့ပြိုကွဲသွားပြီဟူသော သတင်းများ ထွက်ပေါ်လာခဲ့မှုအပေါ် ဝိုင်ဂျီအင်န်တာတိန်းမန့်အနေဖြင့် ယင်းသတင်းများသည် အခြေအမြစ်မရှိသည့် ကောလာဟလများသာဖြစ်ကြောင်း တုံ့ပြန် ပြောကြားလိုက်ကြောင်း သိရသည်။
''အဲဒီသတင်းတွေက မမှန်ပါဘူး၊ အဲဒါတွေရဲ့အစက 2NE1အဖွဲ့ရဲ့ အသက်အငယ်ဆုံးအဖွဲ့ဝင်တစ်ဦး ဖြစ်တဲ့ မင်ဇီရဲ့ Instagram URL ပြောင်းတာကနေစခဲ့တာပါ''ဟု ဝိုင်ဂျီ အင်န်တာတိန်းမန့်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။
ဆက်လက်ပြီး အဖွဲ့အနေဖြင့် အထူးအစီအစဉ်ပေါင်းများစွာဖြင့် ဂီတလောကသို့ ပြန်လည်ခြေဦး လှည့်လာမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
မြဝတီ
0 comments:
Post a Comment