Sunday, October 26, 2014

ညအိပ်ကောင်းအာင် ဘယ်လိုလုပ်မလဲ








ညတော်တော်နဲ့ အိပ်မပျော်တဲ့သူတွေ အတွက်

၀၁. နွားနို့(သို့) Herb Tea ကိုဝယ်ပါ။

  နွားနို့ကိုဝယ်ပြီးရင် နွေးနွေးလေး အပူပေးပြီးမှသောက်ပါ။ နွားနို့ပူပူလေးက အိပ်ချင်တဲ့ ဟော်မုန်းကို အလုပ်လုပ်စေပါတယ်။Herb Tea ကတော့ သိပ်ပြီးသောမသောက်ကြပင်မဲ့ စိတ်လှုပ်ရှားနေတာကို ထိန်းချုပ်နိုင်ပြီး စိတ်ကိုငြိမ်သက်စေပါတယ်။ ဂျင်းကို Herb Tea ထဲမှာထည့်သောက် ရင်လည်း ကောင်းပါတယ်။

၀၂. အိပ်ယာကို သန့်သန့်ရှင်းရှင်းထားပါ။

အိပ်ယာကို သန့်သန့်ရှင်းရှင်းရှိစေဖို့ အရေးကြီးပါတယ်။ အလုပ်ကိစ္စတွေကို အလုပ်မှာပဲထားခဲ့ပါ။

၀၃. မအိပ်ခင် ၁ နာရီလောက်မှာ ရေချိုးပါ။

ရေနွေးပူပူလေးနဲ့ ရေချိုးစေချင်ပါတယ်။ ရေနွေးနဲ့ ရေချိုးလိုက်တဲ့အတွက် ကိုယ်အပူချိန်တတ်လာတဲ့အတွက်
အိမ်ချိန်ရောက်တဲ့အခါ အတော်ပါပဲ။

၀၄. မအိပ်ခင် ၁ နာရီအလိုမှာ မီးပိတ်ပါ။


မအိပ်ချင် ၁ နာရီ အလိုမှာ အိပ်ခန်းထဲမှာရှိတဲ့ ဖုန်း၊မီးချောင်း စသည်ဖြင့် အားလုံးကို ပိတ်ပြစ်လိုက်ပါ။

၀၅. မအိပ်ခင် မိနစ် ၃၀ အလိုမှာ တရားမှတ်ကြည့်ပါ။

ပတ်ဝန်းကျင်က တိတ်ဆိတ်သွားပြီးဆိုရင် နောက်တဆင့်အနေနဲ့ တရားမှတ်ကြည့်ပါ။

၀၆. အိပ်ပါ။

တရားမှတ်နေရင်း သူ့အလိုလို အိပ်ပျော်သွားပါလိမ့်မယ်။ မျက်လုံးဖွင့်လိုက်ရင်တော့ မနက်ရောက်သွားမှာပါ။ ဒါပင်မဲ့ သတိထားရမှာက မနက်ထဖို့ Alarm ပေးဖို့တော့ မမေ့နဲ့နော်။ ဒါမှမဟုတ် မနက်ရောက်ရင် ပျော်စရာတခုခုရှိရင်တော့ နိုးစက်လိုမယ်မထင်ပါ။ ဥပမာ ကိုယ်စားချင်တဲ့ မုန့်ကိုကြိုပြီးတွေးထားရင်ပေါ့လေ။

၀၇. အိပ်မပျော်ရင် ထလိုက်ပါ။

စိတ်ပူစရာတွေရှိပြီး မိနစ် ၃၀ ကြာလည်း အိပ်မပျော်ရင်တော့ အိပ်ယာက ထပြီး ကိုယ်ကြိုက်တဲ့ အိမ်ထဲက တနေရာကို သွားပါ။ အဲဒီနေရာမှာ ခဏလေး အေးအေးဆေးဆေးထိုင်လိုက်ပါ။ သူဟာသူ အိပ်ချင်လာပါလိမ့်မယ်။

၀၈. မနက်ထမယ်လို့ ရည်ရွယ်ထားတဲ့အချိန်မှာ ထပါ။

မနက်စောစောထဖို့ဆိုတာ ပြောသလောက်မလွယ်ပါ။ ဒါပင်မဲ့ ထပါ။ မနက်နေရောင်ကို အသုံးချဖို့အတွက်ပါ။ မနက်စောစောထပြီး မနက်နေရောင်လေးနဲ့ ကိုယ်ခန္ဓာက ထိလိုက်တယ်ဆိုရင်ပဲ ဦးနှောက်က လန်းဆန်း တတ်ကြွလာပါလိမ့်မယ်။

၀၉. နေ့လည်မအိပ်ဖြစ်အောင် သတိထားပါ။

မနက်စောစောထပြီးရင်တော့ နေ့လည်လောက်ရောက်ရင်တော့ အိပ်ချင်လာပါလိမ့်မယ်။ တောင့်ထားပါ။ မအိပ်ပါနဲ့။ အရမ်းအိပ်ချင်ရင်တော့ နေ့လည် ၃ နာရီမတိုင်မီ ၁၅ မိနစ်လောက်သာ အိပ်ပါ။   နောက်ပြီး ကော်ဖီတွေလည်း သိပ်မသောက်မိပါစေနဲ့။

၁၀. အိပ်ချိန်ကို သတ်မှတ်ထားပါ။

အိပ်ချိန်က မိနစ် ၉၀ ကို တစ်ကြိမ်လို့ သတ်မှတ်နိုင်ပါတယ်။ စအိပ်ပြီး ၃ နာရီလောက်မှာ အိပ်မောကျနေတဲ့အချိန်ဖြစ်မှာပါ။
ကိုယ်က အိပ်ချိန်က တိုလား ရှည်လားကိုတာကို သေသေချာချာ လေ့လာပြီး ဘယ်နှစ်နာရီအိပ်ရင် ကိုယ့်အတွက် အကောင်းဆုံးလဲဆိုတာကို သိအောင်လုပ်ပါ။

Chelmo Team

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...