အူရီးဒူးဖုန်းအသုံးပြုသူများအနေဖြင့် ယနေ့မှစ၍ ရက် သုံးဆယ်အတွင်း ဖုန်းဘီလ်သုံးထောင်ဖြည့်ပါက အူရီးဒူးဆင်းမ်ကတ်အချင်းချင်း မိနစ်တစ်ထောင်ဖုန်းပြောခွင့်နှင့် SMS အစောင်ရေတစ်ထောင် အခမဲ့ အသုံးပြုခွင့်ရရှိမည်ဖြစ်ကြောင်း သတင်းရရှိသည်။
‘‘ကျွန်မတို့ရဲ့ အမာခံပရိသတ်တွေအတွက် ဒီအပိုထပ်ဆောင်းဝန်ဆောင်မှုကိုပေးတာဖြစ်ပြီး သုံးစွဲသူတွေအနေနဲ့ တစ်မူထူးခြားတဲ့ဝန်ဆောင်မှုကို အသုံးပြုနိုင်ဖို့အတွက်ဖြစ်ပါတယ်’’ဟု အူရီးဒူးမြန်မာ၏ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးမန်နေဂျာ ဒေါ်သီရိကြာညိုက ပြောသည်။
အူရီးဒူးမြန်မာမှပေးသည့် အဆိုပါအခမဲ့အသုံးပြုခွင့်ဝန် ဆောင်မှုကိုရရှိလိုပါက သုံးထောင်တန်ဖုန်းဘီလ်ကတ်အား တစ်ခါတည်းဖြည့်သွင်းရယူနိုင်သလို ရက်သုံးဆယ်အတွင်း တစ်ထောင်တန်ဖုန်းဘီလ်ကတ်သုံးခါဖြည့်သွင်း၍လည်းရယူနိုင်ကြောင်း သတင်းရရှိသည်။
အပိုထပ်ဆောင်းရရှိသည့် အခမဲ့ဖုန်းပြောနိုင်သော မိနစ်တစ်ထောင်နှင့် SMS အစောင်ရေတစ်ထောင်တို့မှာ အူရီးဒူးဆင်းမ်ကတ်အချင်းချင်းသာ အသုံးပြုနိုင်မည်ဖြစ်ပြီး အခြားဖုန်းများသို့ခေါ်ဆိုပါက ဖုန်းဘီလ်ထဲမှ ပိုက်ဆံဖြတ်သွားမည်ဖြစ်သည်။
အူရီးဒူးမြန်မာအနေဖြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများ ကို ၂၀၁၄ ဩဂုတ်တွင် စတင်ပေးခဲ့ပြီး ၎င်းတို့၏နောက်ဆုံး ထုတ်ပြန်ချက်အရ ဆင်းမ်ကတ်ပေါင်းတစ်သန်းကျော်ရောင်းချပေးထားကြောင်း သတင်းရရှိသည်။
Sunday, October 26, 2014
7Day Daily
0 comments:
Post a Comment