Saturday, October 25, 2014
ကေကေအို အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး အဆင့်ရှိ အောင်နိုင်မိသားစုအား သက်ဆိုင်ရာတိုင်းစစ်ငှာနချုပ်မှ ကူညီထောက်ပံ့ပေးမယ်
ကေကေအို အဖွဲ့မှ ပြန်ကြားရေး တာဝန်ခံ ဗိုလ်ကြီး အဆင့်ရှိ အောင်နိုင် က ကင်းစောင့်
စစ်သည်အားရုတ်တရက်လုံးထွေးပြီးလက်နက်လုယူ၍ထွက်ပြေးရန်ကြိုးပမ်းစဉ်ကင်းစောင့်
စစ်သည်၏ပစ်ခတ် မှုကြောင့် သေဆုံးသွားခြင်းဖြစ်
စက်တင်ဘာ၂၆ရက်တွင်မွန်ပြည်နယ်ကျိုက်မရောမြို့အနီးသို့ကေကေအိုအဖွဲ့မှဗိုလ်ကြီးအဆင့်ရှိ
စောဝင်းဇော်ခေါင်းဆောင်သောအင်အား၂ဝခန့်သည်လက်နက်ငယ်များကိုယ်စီကိုင် ဆောင်လျက်
ရောက်ရှိလာကြောင်းသတင်းရရှိသဖြင့်နယ်မြေခံတပ်နှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှပူးပေါင်းအဖွဲ့
တို့သွားရောက်၍မြို့တွင်းသို့လက်နက်ကိုင်ဆောင်ဝင်ရောက်ခြင်း မပြုရန်ပြောကြားခဲ့ရာ ကေကေအိုအဖွဲ့မှပူးပေါင်းအဖွဲ့ အားလက်နက်များဖြင့်ချိန်ရွယ်၍ထိန်းသိမ်းခဲ့သည်။
အဆိုပါပူးပေါင်းအဖွဲ့ ပြန်လည်ရောက်ရှိလာခြင်းမရှိသဖြင့်လုံခြုံရေးတပ်စိတ်တစ်စိတ်မှလိုက်လံပူးပေါင်းစဉ်
အသင့်စောင့်ဆိုင်းနေရာယူထားသည့်အင်အားနှင့်ခေါင်းဆောင်(စိစစ်ဆဲ) ကေကေအိုအဖွဲ့မှထပ်မံထိန်းသိမ်းခဲ့ပြီးသိမ်းဆည်းထားသည့်လက်နက်များကို
ယူဆောင်၍ကျိုက်မရောမြို့၏အရှေ့ဘက်ရှိအတ္ထရံမြစ်အားဖြတ်ကူးကာအရှေ့
ဘက်သို့ဆက်လက်ထွက်ခွာသွားကြောင်းသိရှိရသဖြင့်နယ်မြေခ
ံတပ်မတော်စစ်ကြောင်းများဖြင့်လိုက်လံရှင်းလင်းဆောင်ရွက်ခဲ့သည်။
စက်တင်ဘာ၃ဝရက်နံနက်၉နာရီခွဲတွင်အမှတ်(၂ဝ၄) ခြေမြန်တပ်ရင်းမှဗိုလ်ကြီးစိုးဇေယျာလင်း
ဦးစီးတပ်စုတစ်စုနှင့်မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပါဝင်သောပူးပေါင်းအဖွဲ့သည်ကျိုက်မရောမြို့
လုံခြုံရေးအတွက်စက်လှေဆိပ်ဝင်ထွက်မှုအားစစ်ဆေးနေစဉ်မသင်္ကာဖွယ်အမျိုးသားတစ်ဦး
တွေ့ရှိရ၍စစ်ဆေးခဲ့ရာကေကေအိုစောဆန်းအောင်အဖွဲ့မှပြန်ကြားရေးတာဝန်ခံဗိုလ်ကြီးအဆင့်ရှိ
အောင်နိုင်ဖြစ်ကြောင်းနှင့်စောဝင်းဇော်အဖွဲ့အား ရွှေဝါချောင်ကျေးရွာတွင်စောဆန်းအောင်နှင့်
အတူသွားရောက်တွေ့ဆုံပူးပေါင်းခဲ့သူဖြစ်ကြောင်းသိရှိရသည်။
၎င်း၏ထွက်ဆိုချက်များအရ ကေကေအို စောဆန်းအောင်အဖွဲ့မှသိမ်းဆည်းသွားခဲ့သော
လက်နက်များအနက်အချို့အားဝှက်ထားကြောင်း ဖော်ထုတ်ရရှိခဲ့ပြီးဆက်လက်ရှာဖွေ
ဖော်ထုတ်နိုင်ရန်အတွက်ဗိုလ်ကြီးအဆင့်ရှိအောင်နိုင်အားအောက်တိုဘာ၎ရက်တွင်
နယ်မြေခံတပ်လှုပ်ရှားစစ်ကြောင်းသို့လွှဲပြောင်းပေးခဲ့သည်။
ထိုနေ့တွင်ပင် ရွှေဝါချောင်ကျေးရွာအနီးတစ်ဝိုက်၌ ဖော်ထုတ်ခဲ့ရာညနေပိုင်း၌သိမ်းဆည်း
သွားသောလက်နက်ငယ်သုံးလက်အားရှာဖွေတွေ့ရှိခဲ့ပြီးကျန်လက်နက်များအားဆက်လက်ရှာဖွေရန်
ရွှေဝါချောင် ကျေးရွာအနီး၌ညအိပ်အခြေပြုစဉ်ည၇နာရီ၄၅မိနစ်၌အပေါ့သွားရန်အကြောင်းပြချက်ဖြင့်
အောင်နိုင်ကကင်းစောင့်စစ်သည်အားရုတ်တရက်လုံးထွေးပြီးလက်နက်လုယူ၍
ထွက်ပြေးရန်ကြိုးပမ်းစဉ်ကင်းစောင့်စစ်သည်၏ပစ်ခတ်ဖမ်းဆီးမှုကြောင့်အသေဖမ်းဆီးရမိကာ
ရွှေဝါချောင်ကျေးရွာ၏တောင်ဘက်မီတာ၈ဝဝခန့်အကွာတွင် ကောင်းမွန်စွာ
မြေမြှုပ်သင်္ဂြိုဟ်ခဲ့ကြောင်းသိရှိရသည်။
သို့ရာတွင် အောက်တိုဘာ၁၉ရက်နံနက်၁ဝနာရီမိနစ်၅ဝတွင် ဒေါ်သန္တာဆိုသူက
ကျိုက်မရောနယ်မြေအမှတ်(၂ဝ၈)တပ်ရင်းသို့လာရောက်၍ လှေဆိပ်အနီးဖမ်းဆီးခံရသူမှာ
မိမိ၏အမျိုးသားအောင်နိုင်(ခ)ပါကြီးဖြစ်ပြီး ပျောက်ဆုံးနေသူဖြစ်ကြောင်းတပ်ရေးဗိုလ်ကြီးထံစုံစမ်းခဲ့သည်။
အဆိုပါစုံစမ်းမှုနှင့်ပတ်သက်၍သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်မှကွပ်ကဲမှုအောက်တပ်များ
အားအသေးစိတ်စိစစ်ခဲ့ရာလက်နက်လုယက်မှုကြောင့်ပစ်ခတ်ဖမ်းဆီးခံရပြီးသေဆုံးသူမှာ
ဒေါ်သန္တာ၏ခင်ပွန်းဖြစ်သူအောင်နိုင် (ခ) ပါကြီးဖြစ်ကြောင်း ဖော်ထုတ်ရရှိခဲ့သည်။
ဖြစ်စဉ်နှင့်ပတ်သက်၍သက်ဆိုင်ရာတိုင်းစစ်ဌာနချုပ်အနေဖြင့်မိသားစုဝင်များအားခေါ်ယူ၍
ဖြစ်စဉ်အခြေအနေများအားအသိပေးသွားမည်ဖြစ်ကြောင်းနှင့်လိုအပ်သည့်ကူညီထောက်ပံ့မှုများလည်း
ပေးအပ်သွားမည်ဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီးဌာနမှသတင်းရရှိသည်။
နေပြည်တော်အောက်တိုဘာ၂၄
မြဝတီ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment