Sunday, October 26, 2014

အီဘိုလာရောဂါ ပျောက်ကင်းသွားခဲ့သူ သူနာပြုအား ကန်သမ္မတ အိုဘားမား ပွေ့ဖက်နှုတ်ဆက်




လိုက်ဘီးရီးယန်း အီဘိုလာဝေဒနာရှင် တစ်ဦးအား ပြုစုစောင့်ရှောက်ရာမှ အီဘိုလာကူးစက်ခြင်း ခံခဲ့ရသော အမေရိကန် အမျိုးသမီး သူနာပြုတစ်ဦးမှာ ယခုအခါ အီဘိုလာ ကင်းစင်သွားပြီ ဖြစ်သဖြင့် ဆေးရုံမှ ဆင်းနိုင်ခဲ့ကာ အမေရိကန် သမ္မတ ဘာရက်အိုဘားမားနှင့်လည်း တွေ့ဆုံခဲ့သည်။

ဝါရှင်တန်မြို့ အပြင်ဘက်ရှိ အမျိုးသား ကျန်းမာရေးသိပ္ပံ၏ ဆေးရုံမှ သူနာပြု နီနာဖမ်းမ် (Nina Pham) ဆေးရုံ ဆင်းလာခဲ့အပြီးတွင် သောကြာနေ့က သူမသည် အိမ်ဖြူတော်တွင် သမ္မတ အိုဘားမား နှင့် တွေ့ဆုံခဲ့ရာ၊ အိုဘားမားက သူမအား ပွေ့ဖက်နှုတ်ဆက်ခဲ့သည်။

သူနာပြု နီနာဖမ်းမ်အား ပွေ့ဖက်နှုတ်ဆက်ခြင်းကြောင့် ကျန်းမာရေး အန္တရာယ် ကျရောက်လာနိုင်ကြောင်း   တွေးတောစိုးရိမ်စိတ်မျိုး သမ္မတ အိုဘားမားတွင် လုံးဝ ရှိမနေခဲ့ဟု အိမ်ဖြူတော် ပြောရေးဆိုခွင့်ရှိသူ ဂျွန်အန်းနက်စ် (John Earnest) က ဆိုခဲ့သည်။

တက္ကဆပ်ပြည်နယ် ဒဲလက်စ် (Dallas) ရှိ ဆေးရုံတစ်ခုမှ သူနာပြုတစ်ဦးဖြစ်သူ နီနာဖမ်းမ် က သူ   နေပြန်ကောင်း လာသည့် အတွက် ကျေးဇူးတင်ပါကြောင်း သတင်းထောက်များ နှင့် သူမကို အားပေးသူများအား သောကြာနေ့က ပြောကြား ခဲ့သည်။

ဗွီအိုအေ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...