Sunday, October 26, 2014

ကိုင်လီမင်နိုး၏ ဂျာမနီ ဖျော်ဖြေပွဲ ခရီးစဉ် ဖျက်သိမ်း



သြစတြေးလျ ပေါ့ပ် အဆိုတော် ကိုင်လီမင်နိုးသည် ဂျာမနီ နိုင်ငံတွင် ကျင်းပမည့်
သူမ၏ ဖျော်ဖြေပွဲ အစီအစဉ် အားလုံးကို ဖျက်သိမ်းခဲ့ကြောင်း ဖျော်ဖြေပွဲ မကျင်းပမီ ရက်သတ္တပတ် အလိုတွင် ကြေညာခဲ့သည် ဟု သိရသည်။

ဖျော်ဖြေပွဲများ ဖျက်သိမ်းရသည့် အကြောင်းအရင်းမှာ ပွဲစီစဉ်သူ၏ ငွေကြေး အခက် အခဲကြောင့် ဖြစ်ကြောင်း၊ ဘာလင်၊ မြူးနစ်၊ ဟမ်ဘာ့ဂ်နှင့် ကိုလုန်းမြို့တို့တွင် ကျင်းပမည့် ဖျော်ဖြေပွဲ အားလုံးကို ဖျက်သိမ်း ရသည့်အတွက် ပရိသတ် များကို တောင်း ပန်ကြောင်း သူမ၏ ဝက်ဘ်ဆိုက်တွင် ကိုင်လီက ရေးသားခဲ့သည်။

ထို့ပြင် ဖျော်ဖြေပွဲ အားလုံးကို ဖျက်သိမ်း ရသည့်အတွက် စိတ်ပျက်မိကြောင်း၊ သူမကို အားပေးသည့် ဂျာမနီ ပရိသတ်ကြီး အတွက် ဖျော်ဖြေရန် အသင့် ရှိသော်လည်း ဖျော်ဖြေပွဲ ဖျက်သိမ်း ခဲ့ရသည့် အတွက် များစွာ စိတ်မကောင်း ဖြစ်မိကြောင်း ကိုင်လီက ထပ်လောင်း ပြောကြားခဲ့သည်။

အသက် ၄၆ နှစ် အရွယ်ရှိ ကိုင်လီသည် အောက်တိုဘာ ၂၆ ရက်တွင် ဆလိုဗက်ကီးယား နိုင်ငံ၌ ဖျော်ဖြေ သွားမည်ဟု သိရ သည်။

မြဝတီ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...