(၂၇)ကြိမ်မြောက် တိုကျိုနိုင်ငံ တကာ ရုပ်ရှင်ပွဲတော်ကို အောက်တိုဘာ ၂၃ရက်တွင် ဂျပန်နိုင်ငံ တိုကျိုမြို့၌ စတင်ကျင်းပ ခဲ့ရာ အာရှတိုက် တစ်ဝန်းရှိ နိုင်ငံများမှ နာမည်ကြီး အနုပညာရှင် များစွာ တက်ရောက်ခဲ့ကြောင်း သိရသည်။
တိုကျို နိုင်ငံတကာ ရုပ်ရှင်ပွဲတော်၌ ဂျပန် မင်းသမီးချော ယူမီအက်ဒါချီက သူမပါဝင် သရုပ်ဆောင်ထားသော A Courtesan With Flowered Skin ဇာတ်ကားမှ သရုပ်ဆောင် များ နှင့်အတူ တွဲ၍ ဓာတ်ပုံ ရိုက်ကူးခဲ့သည်။
အလားတူ အဆိုပါ ရုပ်ရှင်ပွဲတော်သို့ Yellow River Aria-Lao Qiang ဇာတ်ကားမှ ဒါရိုက်တာ ဂေါင်ဖန်နှင့် မင်းသမီး ချောလီမန်တို့ တက်ရောက် ခဲ့သည့်အပြင် The Breakup Guru ဇာတ်ကားမှ မင်းသမီးချော ဒိုင်လီလီနှင့် ဒါရိုက်တာ ယုဘေမေ တို့လည်း တက်ရောက်ခဲ့ကြသည်။
တိုကျို နိုင်ငံတကာ ရုပ်ရှင် ပွဲတော်အား အောက်တိုဘာ ၂၃ရက်မှ ၃၁ ရက်အထိ ကျင်းပ သွားမည်ဖြစ်ကြောင်း သိရသည်။
မြဝတီ
0 comments:
Post a Comment