
ဗြိတိန် မင်းသမီးချော ကီးယာနိုက်တလေသည် လာမည့် ၂ဝ၁၅ ခုနှစ်တွင် Broadway ပြဇာတ်ရုံ၌ ရိုက်ကူးမည့် "Therese Raquin" ဇာတ်လမ်းတွင် ပွဲဦးထွက် သရုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။
အသက် ၂၉ နှစ် အရွယ်ရှိ နိုက်တလေသည် အဆိုပါ ဇာတ်လမ်းတွင် ခေါင်းဆောင် မင်းသမီး သဲရိစ်
အဖြစ် ပါဝင် သရုပ်ဆောင်သွားမည် ဖြစ်ပြီး ယင်း ဇာတ်လမ်းကို ဝတ္ထုရေးဆရာ အမ်းမလီဇိုလာက ၁၉ ရာစုနှစ် အတွင်းက ဝတ္ထုကို ပြန်လည်ဖန်တီး ရေးသားထားခြင်း ဖြစ်သည်။
ထို့ပြင် ယင်း ဇာတ်လမ်းကို ဒါရိုက်တာ အီဗန်ကဘ်နတ်က ရိုက်ကူးသွားမည် ဖြစ်ပြီး လာမည့်နှစ် အောက်တိုဘာ ၂၉ ရက်တွင် တင်ဆက်သွားမည် ဖြစ်ကြောင်း သိရသည်။ နိုက်တလေသည်
၂ဝဝ၆ ခုနှစ် အတွင်းက ကျင်းပခဲ့သော အော်စကာ ဆုပေးပွဲတွင် "Pride and Prejudice" ရုပ်ရှင် ဇာတ်ကားဖြင့် အကောင်းဆုံး အမျိုးသမီး ဇာတ်ဆောင်ဆု ရရှိခဲ့သူ တစ်ဦးဖြစ်သည်။
0 comments:
Post a Comment