Friday, October 3, 2014

အာဆင်နယ်တိုက်စစ်မှူးဂီရော့ဒ် အသင်းနှင့် စာချုပ်သက်တမ်းတိုးမြှင့်ချုပ်ဆို


အင်္ဂလန်ပရီမီယာလိဂ်ကလပ် အာဆင်နယ်အသင်း၏ ပြင်သစ်တိုက်စစ်မှူး အိုလီဗီရာဂီရော့ဒ်သည် ပြီးခဲ့သည့်ရက်ပိုင်းကအသင်းနှင့် သက်တမ်းတိုးစာချုပ်သစ်တစ်ရပ် ချုပ်ဆိုလိုက်ပြီဖြစ်ကြောင်းသိရသည်။ဂီရော့ဒ်မှာ အာဆင်နယ်အသင်းနှင့် ၂ဝ၁၆ ခုနှစ်မှသာ စာချုပ်သက်တမ်း ကုန်ဆုံးမည် ဖြစ်သော် လည်း နောက်ထပ်နှစ်နှစ်သက်တမ်းရှိစာချုပ် သစ်ချုပ်ဆိုခဲ့ခြင်းကြောင့် အသင်းတွင် ၂ဝ၁၈ ခုနှစ်အထိ ဆက်လက်ရှိနေတော့မည်ဖြစ်သည်။ လက်ရှိအချိန်တွင် ဂီရော့ဒ်မှာအဲဗာတန်အသင်းနှင့် ကစားခဲ့သည့် ပွဲစဉ်တွင် ရရှိခဲ့သောဒဏ်ရာကြောင့် ကာလရှည်အနားယူနေရပြီး လာမည့်ရက်သတ္တ လေးပတ်ခန့် အကြာတွင် အသင်းအတွက် ပြန်လည်ကစားနိုင်ဖွယ်ရှိကြောင်း ဗြိတိန်သတင်းစာ Daily Mail က ဖော်ပြ ခဲ့သည်။ ထို့ပြင်အာဆင်နယ်အသင်းမှာ ပြီးခဲ့သည့် နွေရာသီအပြောင်းအရွှေ့ကာလအတွင်း ၎င်းအား PSG တိုက်စစ်မှူး ကာဗာနီနှင့်အလိုက်ပေးလဲလှယ်ရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့သလို လာမည့် ဇန်နဝါရီကာလအတွင်း အသင်းမှထွက်ခွာရန် ထိပ်ဆုံးမှရေပန်းစားနေခြင်းဖြစ်သည်။ သို့သော် အာဆင်နယ် အသင်းမှာ ဂီရော့ဒ်နှင့် သက်တမ်းတိုးစာချုပ်ချုပ်ဆိုခဲ့ပြီး ၎င်းအားတစ်ပတ် လုပ်ခ ပေါင်တစ်သိန်း ဝန်းကျင် ပေးချေမည်ဖြစ်သည်။ ဂီရော့ဒ်မှာ ပြင်သစ်ကလပ် မောင့်ပယ်လီယာအသင်းမှ အာဆင်နယ် အသင်းသို့ ၂ဝ၁၂ ခုနှစ်က ပေါင် ၁ဝ သန်းခန့်ဖြင့် ပြောင်းရွှေ့ရောက်ရှိလာခဲ့သူဖြစ်ပြီး အသင်းအတွက် ၇၂ ပွဲပါဝင်ကစားကာ ၂၈ ဂိုးသွင်းယူပေးခဲ့သူ ဖြစ်ကြောင်းသိရသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...