Wednesday, October 29, 2014

အလုပ်များလွန်းသော ကြောင့် ချစ်သူရည်းစားထားရန် အချိန်မရှိတဲ့လီမင်ဟို

ဆိုးလ်−တောင်ကိုရီးယားနာမည် ကျော် သရုပ်ဆောင်မင်းသား လီ မင်ဟိုက အလုပ်များလွန်းသော ကြောင့် ချစ်သူရည်းစားထားရန် အချိန်မရှိကြောင်း တရုတ်နိုင်ငံ ဘေဂျင်းမြို့၌ ပြုလုပ်သည့် LG G3 ပရိုမိုးရှင်း ပွဲတစ်ခုတွင် ပြော ကြားခဲ့သည်။

 

  LG G3 အခမ်းအနားမှူးက ပရိသတ်များစွာက အလွန်အမင်း သိလိုသော အကြောင်းအရာဖြစ် သည့် လီမင်ဟို၏ ချစ်သူရည်းစားထားသည့် ကိစ္စကို ပရိုမိုးရှင်းပွဲ ကျင်းပစဉ်အတွင်း မေးမြန်းစူးစမ်း ခဲ့ခြင်းဖြစ်သည်။

ကေဒရာမာစတား လီမင်ဟို က ‘‘ရည်းစားထားဖို့ အချိန်မရှိတဲ့ အထိကို အလုပ်များလွန်းပါတယ်။ အခုချိန်အထိ ရည်းစားထားတာ မျိုး မရှိသေးဘူး။ ကျွန်တော့်အနား မှာ လူတွေအများကြီးရှိနေပေ မယ့် အထီးကျန်သလို ခံစားလာရ တဲ့အချိန်မှာတော့ ရည်းစားထား ချင်လာလိမ့်မယ်လို့ ထင်ပါတယ်။ အခုတော့ အားလပ်ချိန်ရတိုင်း နားနားနေနေ နေလိုက်ချင်တာပဲ သိတယ်’’ ဟု ပြောကြားခဲ့သည်။

‘‘ကျွန်တော့်မှာ ရည်းစားရှိခဲ့တယ်ဆိုရင်တောင် ကျွန်တော်အလုပ်များလွန်းလို့ ကောင်မလေး ထွက်ပြေးသွားလိမ့်မယ်’’ ဟု လီ မင်ဟိုက စနောက်ပြောကြားခဲ့ သည်။

လီမင်ဟိုက အခွင့်အရေး ရလျှင် ကိုရီးယား-တရုတ်ပူး ပေါင်း၍ ရုပ်ရှင်ရိုက်ကူးချင်သည် ဟု ပြောကြားခဲ့သည်။

လီမင်ဟိုသည် လက်ရှိတွင် Gangnam Blues အမည်ရ ရုပ် ရှင်ဇာတ်ကားသစ် တစ်ကား ရိုက် ကူးလျက်ရှိပြီး လာမည့် စက်တင် ဘာလတွင် ပြည်တွင်း၊ပြည်ပ ပရိ သတ်များနှင့် တွေ့ဆုံမည်ဖြစ်သည်။

—Ref: Soompi
Today Myanmar

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...