Wednesday, October 29, 2014

ငြိမ်းချမ်းရေးငှက်ကို ဘယ်သူဖမ်းသလဲ



''မျှော်သာမျှော် ပေါ်မလာသူရယ်စိမ်းကား''ဆိုတဲ့ သီချင်းစာသားလေးကိုသတိရမိသည်။ သံလွင်ခက်ကို သယ်ဆောင်လာမည့်ငြိမ်းချမ်းရေးငှက်သည်ကား မျှော်သာမျှော်ရသည်၊ ခုထိတော့ ပေါ်မလာသေး။ သူများမကောင်းကြောင်း၊ ကိုယ်ကောင်းကြောင်းပြောကြရင်း ငြိမ်းချမ်းရေးဆိုသော အသံမှာ တိတ်ဆိတ်နေဆဲဖြစ်သည်။ အစိုးရဘက်မှ ငြိမ်းချမ်းရေးဆွေးနွေးသူတွေက ရက်တွေတစ်ခုပြီး တစ်ခုသတ်မှတ်ပြီး တိုင်းရင်းသားတွေအပေါ် လက်မှတ်ထိုးဖို့ ဖိအားပေးနေသည်ဟု ဆိုသူကဆိုကြသည်။


အမေရိကန်သမ္မတ အိုဘားမားမလာခင် လက်မှတ်ရေးထိုးမည်ဆိုပါက အစိုးရအတွက်Image
တက်လာနိုင်သည်ဟုယူဆကြသဖြင့် ''မတင်မကျဖြစ်နေတာလေးတွေရှိသေးသည်၊ တပ်မတော်က လက်ခံ ပေးဖို့ လေးကန်နေသေးသည်'' ဟု အကြောင်းအမျိုမျိုးပြကာ ဂွမ်မော်တို့က အချိန်ဆွဲကြသည်။ အမှန်တကယ်တွင် မြန်မာနိုင်ငံ၏ငြိမ်းချမ်းရေးသည် အိုဘားမားနှင့်မသက်ဆိုင်၊ မြန်မာပြည်သူတစ်ရပ်လုံး နှင့်သာသက်ဆိုင်သည်။ ထာဝရငြိမ်းချမ်းရေးရယူရန် အမှန်တကယ်ဆန္ဒရှိကြမည်ဆိုပါက လက်မှတ်   ရေးထိုးရေးမှာ ဖိအားပေးနေစရာမလို ခုချက်ချင်းထိုး၊ ခုချက်ချင်းပြီးမည့်ကိစ္စရပ်ဖြစ်သည်ဟု ထင်မြင်မိပါသည်။

'' ရှေ့မတိုးသာ နောက်မဆုတ်သာအခြေအနေကို ရွေးကောက်ပွဲနောက်ပိုင်းကာလအထိ စစ်ခေါင်းဆောင်တွေကဆက်သွားနေစေချင်သလားဆိုတာ ကျွန်တော်သံသယရှိပါတယ်'' ဟု ဂွမ်မော်က ပြောကြားသည်။ ထိုသို့သောအခြေအနေကို စစ်တပ်က လိုလားလိမ့်မည်ဟုတော့မထင်မိချေ။ စစ်တပ် သည် တိုင်းရင်းသားအဖွဲ့အစည်းအားလုံးပေါင်းထက် စစ်ရေးအင်အားသာလွန်သည့်
အဖွဲ့တစ်ခုဖြစ်ပြီး မည်သည့်အဖွဲ့ကိုမဆို အချိန်မရွေးအသာစီးရအောင် တိုက်နိုင်သည့်အနေ
အထားဖြစ်ပါလျက် ငြိမ်းချမ်းရေးဖိတ်ခေါ်ဆွေးနွေးခဲ့ခြင်းသည်ပင်လျှင် စစ်တပ်၏ငြိမ်းချမ်းရေးလိုလားမှုကို
ပေါ်လွင်စေခဲ့ပြီး ဖြစ်သည်ဟု ကျွန်တော်ထင်မြင်မိသည်။ ဂွမ်မော်ပြောခဲ့သလို ရှေ့မတိုးသာ
နောက်မဆုတ်သာ အခြေအနေ ကို ရွေးကောက်ပွဲနောက်ပိုင်းကာလ အထိဆက်သွားစေချင်သည်ဆိုပါက အစကတည်းက ငြိမ်းချမ်းရေး ဆွေးနွေးခဲ့လိမ့်မည်မဟုတ်သည်မှာ ရှင်းလင်းသောအဖြေ
တစ်ရပ်ဖြစ်နေပြန်ပါသည်။

  ငြိမ်းချမ်းရေးကိုမလိုလားဘဲ အချိန်ဆွဲလိုသူများက အစိုးရနှင့်ဘယ်သူတွေလက်မှတ်ထိုးထိုး မထိုးထိုးကိုယ့်ဘာသာကိုယ်ထိုးမယ်လို့ပြောပြီးUNFC က နုတ်ထွက်ခဲ့တဲ့KNU အပေါ် သွေးထိုး လာကြပြန်သည်။ KNU က တပ်မတော်နဲ့ငြိမ်းချမ်းရေးဆွေးနွေးတဲ့အတွေ့အကြုံက တစ်ခြားအဖွဲ့တွေနဲ့ ယှဉ်ရင်နည်းသေးတယ်၊ ဒါကြောင့်ယုံကြည်ပေးလိုတဲ့သဘောရှိတယ်''ဟု နိုင်ဟံသာကဆိုသည်။ ဘာရည်ရွယ်ချက်နှင့်ပြောသည်ကို ၀ါရင့်နိုင်ငံရေးသမားများ၊ အတွေ့အကြုံရှိသူများ ခန့်မှန်းမိကြမည်ဟု ထင်သည်။

တစ်ဖန် စစ်တပ်အနေဖြင့် ငြိမ်းချမ်းရေးဆွေးနွေးနေသော်လည်း တစ်ဖက်တွင် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များအပေါ် ထိုးစစ်ဆင်နေသည့်အတွက် ငြိမ်းချမ်းရေးအပေါ် ယုံကြည်ရခက်ကြောင်း
ပြောကြားလာကြပြန်သည်။ ဤနေရာတွင် ရှမ်းပြည်နယ်ရှိရွာလေးတစ်ရွာ၌ ကျောင်းဆရာ တစ်ယောက်အဖြစ်နေထိုင်ခဲ့ရစဉ်က ကိုယ်တွေ့အဖြစ်အပျက်လေးတစ်ခုကိုပြောပြလိုပါသည်။ ထိုဒေသ တွင် KIA ၊SSA ၊SURA ၊TNLA ၊NDAA မိုင်းလားအဖွဲ့တို့က တပ်ပေါင်းစုဖွဲ့ထားသည်။

တစ်ရွာဝင်တစ်ရွာထွက်ဆက်ကြေးကောက်ပြီး ထိုရွာများတွင် ၎င်းတို့ရှိနေကြောင်း၊ ၎င်းတို့၏အမာခံ နယ်မြေများဖြစ်ကြောင်း၊ စစ်တပ်ကလာလျှင် တိုက်ပွဲဖြစ်မည်ဖြစ်ကြောင်း ၀ါဒဖြန့်သည်။ အဆိုပါ ရွာများမှာ ငြိမ်းချမ်းရေးမဆွေးနွေးခင်ကတည်းက စစ်တပ်က ၀င်ထွက်သွားလာနေသည့် လမ်းကြောင်း များဖြစ်ပြီး ၎င်းတို့၏ရှေ့တန်းစခန်းများသို့ ရိက္ခာများပေးပို့ရာလမ်းကြောင်းလည်းဖြစ်သည်။

ထိုလမ်းကြောင်းများမှာ စစ်တပ်ကမဖြစ်မနေသုံးရသည့်လမ်းကြောင်းလည်းဖြစ်သည်။ စစ်တပ်ကလာ သည့်အခါ ၎င်းတို့ကဦးစွာမိုင်းဆွဲတိုက်ခိုက်ကြသည်။ ထို့နောက်တွင် မသွားရနယ်မြေကိုကျော်လွန်ပြီး တပ်ကထိုးစစ်ဆင်လာသည့်အတွက်ကြောင့် ယခုကဲ့သို့တိုက်ပွဲများဖြစ်ပွားရကြောင်း အသံလွှင့်သည်။ ထို့နောက်တွင် တပ်ပေါင်းစုနှင့်ဖြစ်သည့်တိုက်ပွဲကို KIA ကလည်း ၎င်းတို့နှင့်တိုက်ပွဲဖြစ်သည်။SSA/SURA ကလည်း ၎င်းတို့နှင့်တိုက်ပွဲဖြစ်သည် အစရှိသည်ဖြင့် နိုင်ငံတစ်ဝန်း တိုက်ပွဲများ ဖြစ်နေသယောင် အလွန်အမင်းချဲ့ကား၍ပြောကြပြန်ပါသည်။

တစ်ခုထူးဆန်းသည်မှာ ငြိမ်းချမ်းရေး ဆွေးနွေးပွဲများထပ်မံပြုလုပ်ခါနီးအချိန်သို့ရောက်တိုင်း ထိုသို့သော
တိုက်ပွဲများဖြစ်ပွားသည်ကို အံသြဖွယ်ရာတွေ့ရပြန်ပါသည်။ အော်...တတ်လည်း တတ်နိုင်ကြတဲ့ သူတွေပါတကား။

ဤသို့ဆိုလျှင် ငြိမ်းချမ်းရေးသည်ကား အလှမ်းဝေးဆဲဝေးနေမည်ဖြစ်သည်။ ငြိမ်းချမ်းရေးကို မလိုလားသူ၊ ငြိမ်းချမ်းရေးအပေါ် အမြတ်ထုတ်လိုသူများကတော့ အစိုးရဘက်က ဘယ်လောက် အလျှော့ပေးပေး ဆက်လက်တောင်းဆိုနေအုံးမည်သာဖြစ်သည်။ အမေစုသမ္မတဖြစ်လျှင်တောင် လက်နက်စွန့်မည့်အရိပ်အရောင်မပေါ်၊ လက်နက်ကိုင်ထားမှသာ စားပေါက်ချောင်မည်ကိုး။

ကျွန်တော်တို့ ပြည်သူများကတော့ သံလွင်ခက်ကိုသယ်ဆောင်လာမည့်ငြိမ်းချမ်းရေးငှက်ကိုသာ မြင်ချင်
လှပါသည်။ထိုငှက်ကို မည်သူကဖမ်း၍ လှောင်အိမ်ထဲထည့်ထားပါသနည်း။ ငြိမ်းချမ်းရေးငှက်ကလေး အမြန်ဆုံး လွတ်မြောက်လာစေချင်ပါသည်။

ထက်အာကာ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...