
ရန်ကုန်မြို့တွင်း လူ သွားလာမှုအထူထပ် ဆုံးနေရာ တစ်ခုဖြစ် သည့် လှည်းတန်းဈေး အနီးရှိတိုက်ခန်းတစ်ခု ၏ ငါးလွှာတွင်အင်ဂျင် နီယာဘာသာရပ် သင်ယူစေနိုင်မည့် သင်တန်းခန်းမတစ်ခုရှိသည်။ အခန်းတွင် ရှိနေသည့် လူဦးရေနှင့်စားပွဲခုံများက အခန်းကိုပိုသေးသယောင် ထင်နေစေ သော်လည်း ထိုနေရာနှင့် ထိုသူတို့က တော့ အံဝင် ခွင်ကျဖြစ်နေဟန်တူသည်။
ကွန်ပျူတာခုံ တစ်ခုတွင်တော့ အသားခပ်လတ်လတ်ရှိပြီး မျက်ခုံးထူထူ အမျိုးသားလူငယ်တစ်ဦး ထိုင်နေသည်။ ရိုးစင်းသည့်ရှပ်အင်္ကျီအကွက်က သူ့ ကိုရင့်ကျက်စေသော် လည်း တကယ် တမ်းဆိုရလျှင် အသက် ၂၁ နှစ်သာ ရှိ နေသေးသည့် နည်းပညာတက္ကသိုလ် ကျောင်းသားတစ်ဦးလည်း ဖြစ်သည်။ ဖော်ရွေသော အပြုံးရှိသည့် ထိုလူငယ် က အိမ်ရှင်ဖြစ်နေသည့် အာဆီယံ ဥက္ကဋ္ဌ မြန်မာအတွက် မကြာမီ အချိန် အတွင်း နိုင်ငံ့ဂုဏ်ဆောင်ကာ အီလက် ထရောနစ် ဘာသာရပ်ကျွမ်းကျင်မှု ကိုပြသပေးတော့မည့်
သူဖြစ်သည်။
အာဆီယံနိုင်ငံများအကြား လုပ်ငန်း ခွင် အရည်အချင်းကျွမ်းကျင်မှုပြိုင်ပွဲ များကို ပြုလုပ်လာခဲ့သည်ကယခုအကြိမ် နှင့်ဆိုလျှင် ၁ဝကြိမ်ရှိပြီဖြစ်ကာဗီယက်နမ် နိုင်ငံ ဟနွိုင်း မြို့ရှိ အမျိုးသားခန်းမတွင် ကျင်းပတော့မည်ဖြစ်သည်။
မြန်မာနိုင်ငံအတွက်လာမည့် အောက်တိုဘာ ၁၉ ရက်မှ ၂၉ ရက်နေ့ အထိ ကျင်းပမည့်ထိုပြိုင်ပွဲမှာ တတိယ အကြိမ် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရခြင်း လည်းဖြစ်ပြီး အီလက် ထရောနစ် ဘာသာရပ်မှာ မြန်မာနိုင်ငံက ဆယ်နှစ် တာအတွင်း ပထမဆုံးအကြိမ် ယှဉ်ပြိုင် ခြင်းလည်းဖြစ်သည်။
ပထမဆုံးသော ပြိုင်ပွဲကို ယှဉ်ပြိုင် မည့် ကိုဖွေးကိုကိုအတွက်လည်း တစ် သက်တာအတွင်း ပထမဆုံးဝင်ရောက် သည့် ပြိုင်ပွဲဖြစ်သည်ဟုလည်း သူက ပြောသည်။
လွန်ခဲ့သော သုံးလခန့်ဖြစ်သည့် ဇူလိုင်လအတွင်း ထိုပြိုင်ပွဲသို့ဝင်ပြိုင်ရန် သင်တန်းဆရာဖြစ်သူ ဦးအေးမင်းမင်း ကတိုက်တွန်းခဲ့ချိန်သည် သူ၏ တတိယ နှစ် နှစ်ဆုံးစာမေး ပွဲနှင့် တိုက်ဆိုင်ချိန် လည်းဖြစ်နေသည်ဟုသိရသည်။ သူက နည်းပညာတက္ကသိုလ်(မှော်ဘီ)တွင် ၂ဝ၁၁ ခုနှစ်ကတည်းက အီလက်ထရော နစ်မေဂျာနှင့် တက်ရောက်ခဲ့သြူ ဖစ် သည်။ သို့သော် သူလိုချင်ခဲ့သည့် မေဂျာကတော့ ဗိသုကာ ဖြစ်သည်ဟု ရယ်မောရင်း လူငယ်ပီပီ စကားကို သွက် သွက်လက်လက်ဆိုသည်။
သာမန် မိသားစုတစ်ခုမှ ကိုဖွေးကို ကိုအတွက် အခြားသောတိုးတက် နေသည့် အာဆီယံနိုင်ငံများမှ အရည် အချင်းရှိသူများအကြား တိုးဝှေ့ယှဉ် ပြိုင်ရမည်က သူ့အတွက် အခက်အခဲဟု မဆိုနိုင်သော်လည်း စိန်ခေါ်မှုတော့ရှိ နေသည်ဟု ပြောပြသည်။ လူငယ်တစ်ဦး အတွက် ထိုအခြေအနေကို ကျော်လွှား ရန်ဆုံး ဖြတ်ချက်တစ်ခုကို သူချခဲ့ သည်။
မြန်မာနိုင်ငံအနေနှင့်ဆိုလျှင် ၆ ကြိမ်နှင့် ၇ ကြိမ်မြောက် အာဆီယံအရည် အချင်းကျွမ်းကျင်ပြိုင်ပွဲများတွင် ဝင်ရောက် ယှဉ်ပြိုင်ဖူးခဲ့သော်လည်း ကြားထဲက အချိန်များမှာ အကြောင်းအမျိုးမျိုး ကြောင့် ပြိုင်ပွဲများတွင် မပါဝင်ဖြစ်ခဲ့ဟု ၄င်းပြိုင်ပွဲနှင့်ပတ်သက်သည့် မြန်မာ နိုင်ငံမှတာဝန်ရှိသူက သြဂုတ်လ ၂ဝ ရက်နေ့က နိုင်ငံပိုင်သတင်းစာတ စ်စောင် ဖြစ်သော News Light of Myanmar တွင် ဖြေကြားပေးခဲ့သည်။
ပြိုင်ပွဲတွင် အရည်အချင်းပြသကာ ယှဉ်ပြိုင်ရမည့် အမျိုးအစား ၂၃ မျိုးရှိပြီး ယခုနှစ်အတွက်တော့ မြန်မာနိုင်ငံက အီလက်ထရောနစ်ဘာသာရပ်အပြင် စားသောက်ဆိုင် ဝန်ဆောင်မှုလုပ်ငန်း၊ အချက်အပြုတ်၊ ပိုက်ပြင်ပိုက်ဆက်၊ လက်သမားအတတ်၊လျှပ်စစ်တပ်ဆင် ခြင်း စသည့်အမျိုးအစား ခြောက်မျိုးကို ယှဉ်ပြိုင်မည်ဖြစ်သည်။
အခြားသော ကျွမ်းကျင်မှုပြိုင် ပွဲများတွင် မြန်မာကယှဉ်ပြိုင်ခဲ့ဖူးပြီးဖြစ် သောကြောင့် အခက်အခဲရှိမည်ဆိုလျှင် အနည်းငယ်သာဖြစ်နိုင်သော်လည်း ပထမဆုံးယှဉ်ပြိုင်ရမည့် အီလက်ထရော နစ်ဘာသာအတွက်တော့ အခက်အခဲ က များများစားစား ရှိနေဦးမည်ဖြစ် ကြောင်း ကိုဖွေးကိုကိုက ဆိုသည်။
သူ့အတွက်နောက်ထပ်စိန်ခေါ်မှုတစ်ရပ်က ထိုဘာသာရပ်အတွက် မြန်မာ နိုင်ငံက မေးခွန်းထုတ်ခွင့် မရရှိခြင်း ဖြစ်သည်။ ဆိုလိုသည့်သဘောမှာ နိုင်ငံ အလိုက် ဘာသာ ရပ်များအတွက် ပြိုင်ပွဲ ဝင်ရမည့်ပုံစံ၊ အသုံးပြုရမည့်ပစ္စည်း စသည်များ တင်ပြနိုင်ကြသော်လည်း မြန်မာနိုင်ငံအတွက်တော့ ထိုသို့ ပြုလုပ်ခွင့် မရခြင်းက ပြိုင်ပွဲဝင်ရမည့် သူ့ကိုပို၍ ချောက်ချားစေသည်ဟု သိရသည်။
ပြိုင်ပွဲအခြေအနေက မြန်မာနိုင်ငံ ရှိနည်းပညာတက္ကသိုလ်များ၏ ပထမ နှစ်၊ ဒုတိယနှစ်သင်ရိုးသာသာသာ ရှိ သော်လည်း ကျောင်းသင်ရိုးတွင် ပြည့် စုံစွာမပါဝင်နိုင်တော့ သည့် လက်တွေ့ အချိန်နည်းပါးခြင်း၊ လက်တွေ့ခန်းသုံး ပစ္စည်းများမပြည့်စုံခြင်း၊စနစ်တကျ လက်တွေ့ပြုလုပ်စေမည့် ဆရာများ ပရယ်တီကယ်ချိန်များတွင် ထားမပေး နိုင်ခြင်း များက ပြိုင်ပွဲဝင်ရတော့မည့် သူ့အတွက် စဉ်းစားရင်းထွက်လာသည့် အကြောင်းအရာများ ဖြစ်သည်ဟုဆို သည်။
အခြားသောအာဆီယံနိုင်ငံများက ထိုပြိုင်ပွဲဝင်မည့်သူများကို တစ်နှစ်တာ လုံး ကျွမ်းကျင်မှုကောင်းရန် လေ့ကျင့် ပေးနေသည့်အချိန်တွင် သူ့အတွက်တော့ ပြိုင်ပွဲကျင်းပ သည့် အဖွဲ့အစည်းကပေးပို့လာသည့်မေးခွန်းအချို့ကိုပင် ကုန်စင် အောင်လေ့ကျင့်နိုင်ခြင်းမရှိသေး။ မေးခွန်းခက်ခြင်းမဟုတ်ဟု သူကခပ်သွက် သွက်ဆက်ပြောသည်။ ပေးပို့လာသည့် မေးခွန်းများအတိုင်း လေ့ကျင့်ရမည့် ပစ္စည်းများ စုံလင်စွာ မရှိနိုင်ခြင်းနှင့် ကွန်ပျူတာနှင့် ချိတ်ဆက်လုပ်ဆောင်ရမည့် ပရိုဂရမ်းမင်းတွင် ဗားရှင်းအသစ်များ
အသုံးပြုခိုင်းခြင်းတို့ကြောင့်သာ ခက်ခဲ နေရခြင်းဖြစ်သည်ဟု သူက ဆိုသည်။
နည်းပညာတက္ကသိုလ် ကိုယ်စားပြု ယှဉ်ပြိုင်ရခြင်း မဟုတ်သော်လည်း အီလက်ထရောနစ် ဘာသာရပ်အပေါ် နှစ်သက်သည့် လူငယ်တစ်ဦးအဖြစ် ယှဉ်ပြိုင်မည့်သူ့အ တွက် လက်ရှိတက် ရောက်နေသည့် AKI အင်ဂျင်နီယာ သင်တန်းကတတ်နိုင်သမျှပံ့ပိုးနေခြင်း ဖြစ်သည်။ ပြိုင်ပွဲဝင်ရမည်ကို သိသည့် တက္ကသိုလ်အနေနှင့်လည်း အတန်းချိန် များကို တတ်နိုင်သမျှညှိပေးခြင်းတော့ လုပ်ပေးသည်ဟု သူကပြောပြသည်။အီလက်ထရောနစ်ဘာသာရပ်အတွက် ပြိုင်ပွဲတွင် ပုံစံလေးမျိုးကို သုံးရက်တာ
ယှဉ်ပြိုင်ရမည်ဖြစ်သည်။ ဆော့ဖ်ဝဲဒီဇိုင်း နှင့် ကွန်ပျူတာအသုံးပြုကာ ညွှန်ကြား ချက်များ ရေးသားခြင်း(ပရိုဂရမ်းမင်း)၊Hardware ဒီဇိုင်း ပြုလုပ်ခြင်း၊ အချိန် တိုတွင်းပစ္စည်း များကို အစီအစဉ်တကျပြန် လည်တပ်ဆင်ခြင်း(Assembly) နှင့် အမှားရှာဖွေခြင်း(Fault Finding) စ သည်တို့ဖြစ်သည်။
အကောင်းဆုံး ကြိုးစားနေသည့် လူငယ်တစ်ဦးဖြစ်သော ကိုဖွေးကိုကို အတွက် အခြားသောအာဆီယံနိုင်ငံ ပြိုင်ပွဲဝင်များနှင့် ပခုံးချင်းယှဉ်ရန်ရက်သတ္တပတ်ပင်မလိုတော့။
”ဆုလား ရရင်တော့ လိုချင်တာ ပေါ့” ဟု ဆိုသည့် သူ့စကား၏ အဆုံး တွင်တော့ နောက်ပိုင်းထိုပြိုင်ပွဲမျိုး ယှဉ် ပြိုင်ရန် ရည်ရွယ်ချက်ရှိပါက ကျောင်း များတွင် လက်တွေ့ အချိန်ကို ဒီ့ထက် အားပေးသင့်သည်ဟု တစ်ပါတည်း ဆက်ပြောသည်။ ပြိုင်ပွဲဝင်တော့မည့် သူ့အတွက်အခြားရည်ရွယ်ချက်တစ်ခု က လာမည့်နှစ်များတွင် သူ့အတွေ့ အကြုံကို တခြားလူငယ်များထံဝေမျှလိုခြင်းသာဖြစ်သည်။
”နောက်လာမယ့် လူကိုတော့ အ ဆင်ပြေစေချင်တယ်” ထိုစကားသံအဆုံး တွင်တော့ လူငယ်တစ်ဦး၏တက်ကြွနေ သည့်စကားပြောဟန်မှ ရုတ်ချည်း ရင့်ကျက် သွားစေသည်။ ဘုန်းကြီးမျိုးရိုး သာရှိသည့် သူ့အတွက် အီလက်ထရော နစ်ဘာသာရပ်ကိုကျွမ်းကျင်သည့် အင် ဂျင်နီယာတစ်ဦးဖြစ်လာရန်က ပင်ကိုဗီဇ ဟုဆိုလျှင်ပိုမှန်မည် ဟုလည်း ဆိုသည်။
အခြားသော ကျောင်းသားများ နည်းတူ တက္ကသိုလ်တက်သည့်အပြင် ပြင်ပသင်တန်းတစ်ခုကို ရှာဖွေတက် ရောက်နိုင်ခဲ့သော်လည်း ပြေလည်လွန်း လှသည်တော့ မဟုတ်။ အချို့သောဘာ သာရပ်များတွင် သင်တန်းမှူးက အခမဲ့တက်ရောက်စေခြင်းတို့လည်းရှိသည်ဟု သိရသည်။ ယခုတော့ ကျောင်းပိတ်ရက် များတွင်သာမက ကျောင်း ဖွင့် ရက်အချို့ ၌ပင် ထိုသင်တန်း၏ လက်ထောက်နည်း ပြတစ်ယောက်အဖြစ် လုပ်အားပေး လျက်ရှိသည်။
လက်ရှိ ပညာရေးစနစ်အပေါ် လက်ညှိုးမထိုးချင်ကြောင်း သူကဆိုသော် လည်း သူလိုချင်သည်က စာတွေ့နှင့် လက်တွေ့မျှတသည့်အခြေအနေတစ်ခု တော့ဖြစ်ကြောင်း ဖွင့်ဟသည်။ မြောနေ သည့်ယနေ့ခေတ်ရေစီးကြောင်းတွင် လည်း ပေါ့ပျက်ပျက်နှင့် မလိုက်ပါလို ဟုလည်း သူကဆိုသည်။ ထို့ကြောင့် တတ်သမျှ စွမ်းအားများနှင့် ဗီယက်နမ် သို့သွားကာ ယှဉ်ပြိုင်ခြင်းဖြစ်သည်ဟု သိရသည်။
အကယ်၍ ထိုပြိုင်ပွဲတွင် အနိုင်ရ သည်ဖြစ်စေ၊ အနိုင်မရသည်ဖြစ်စေ အဆုံးအထိ အကောင်းဆုံးယှဉ်ပြိုင်သွား မည်ဖြစ်သည်ဟုသူက ကတိပြုရင်း ပညာရေးနှင့် သက် ဆိုင်သည့် ထိပ်ပိုင်း ပုဂ္ဂိုလ်များထံသို့ စကားလက်ဆောင်ပါး လိုက်သည်။
”ကျောင်းမှာ အခြေခံကတည်း ကသာ သင်ပေးလာမယ်ဆိုရင် ခုချိန်မှာ ကျွန်တော် ယပ်ခတ်နေပြီ”
သုတလင်း
ပေါ်ပြူလာ
0 comments:
Post a Comment