Thursday, September 25, 2014

ဟွာဝေး Ascend P7 အာဆင်နယ် ဗားရှင်းအသစ်ဖြင့် မြန်မာတွင် အလုံးနှစ်ရာရောင်းမည်


ဟွာဝေးမှ ၎င်း၏ မော်ဒယ်အသစ်ဖြစ်သည့် Ascend P7 ကို အာဆင်နယ်ဗားရှင်း အသစ်ဖြင့် မြန်မာနိုင်ငံအတွက် ဖုန်းအလုံးရေ ၂ဝဝ ကို ဈေးကွက်အတွင်း စ တင် ဖြန့် ချိေ ရာင်းချပေးသွား မည်ဖြစ်ကြောင်း Huawei မြန်မာမှ သိရသည်။ အဆိုပါ အာဆင်နယ် ဗားရှင်းဖုန်းများကို ဈေးနှုန်း ၃၇၉ဝဝဝ ကျပ်ဖြင့် တရားဝင်ရောင်း ချပေး သွားမ ည် ဖြစ် ကာ ပြည်တွင်းရှိ ဟွာဝေးဖုန်း အရောင်းပြခန်းများတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်သည်။
အန်းဒရွိုက်ဗားရှင်းဖြစ်သည့် (၄.၂.၂) KitKat ကိုအသုံးပြုထားပြီး အာဆင်နယ် ပရိသတ်များအတွက် အာဆင်နယ်ဘောလုံးအသင်း၏ အငွေ့အသက်များ၊ အောင်မြင်မှု အထိမ်းအမှတ် အကြောင်းအရာများ၊ အာဆင်နယ်အသင်း၏ ပုံသဏ္ဌာန်များဖြင့် လွှမ်းခြုံထားသည့် ဖုန်းအတွင်း icon များပါဝင်လာမည်ဟုလည်း သိရသည်။ဟွာဝေး အနေဖြင့် အာဆင်နယ်ဘောလုံးအသင်းကို တရားဝင်ပံ့ပိုးကူ ညီပေးထားသူ တစ်ဦးလည်းဖြစ်သည့်အပြင် ပြည်တွင်းမှ အာဆင်နယ်ဘောလုံးအသင်း ပရိသတ်များ အတွက် အခွင့်အရေး တစ်ခုလည်းဖြစ်စေရန် ယခုကဲ့သို့ ဗားရှင်းအသစ်ကို ဖန်တီးရောင်းချခြင်း ဖြစ်ကြောင်း ဟွာဝေးမြန် မာ၏ ဈေးကွက် မန်နေဂျာ ဒေါ်ခင်ရတနာဝင်းက ပြောသည်။
”အပြင်မှာ ဝယ်ယူကစားရတဲ့ နာမည်ကျော်ဂိမ်းဖြစ်တဲ့ FIFA 14 ကိုလည်း အခမဲ့ထည့်သွင်းပေး ထားမှာ ဖြစ်ပါတယ်” ဟု ယင်းက ဆက်ပြောသည်။ဖုန်းမျက်နှာပြင်မှာ ၅ လက်မရှိပြီး မှန်ကိုအစင်းကြောင်း မဖြစ်စေနိုင်သည့် Corning Gorilla Glass 3 အသုံးပြုပေးထားသည်ဟုလည်း သိရသည်။
ရုပ်ထွက်ပိုင်းတွင်လည်း Pixel Density 445 ppi ရှိခြင်းကြောင့် ဆမ်ဆောင်းဂလက်ဆီ S5 ၊ LG G3 တို့ကဲ့သို့ ကောင်းမွန်သည့် ပုံရိပ်များ ဖော်ပြပေးနိုင်မည် ဖြစ်သည်။ ဖုန်းအထူမှာ ၆ ဒသမ ၅ မီလီမီတာသာရှိပြီး ၁၂၄ ဂရမ်သာ လေးသည့်အတွက် ပေါ့ပါးကျစ်လျစ်မှုကို ကြိုက်နှစ်သက်သူများအတွက် အဆင်ပြေနိုင်ပြီး ကွန်ရက်ပိုင်း တွင် လည်း 2G/3G နှင့် 4G စနစ်များ အားလုံးအတွက် အသုံးပြုနိုင်မည်ဟု သိရသည်။ ဆင်းကတ်နှစ်ခု ထည့်သွင်းနိုင်မည်ဖြစ်သည့် အဆိုပါ အာဆင်နယ်ဗားရှင်းအသစ် ဟွာဝေး P7 မိုဘိုင်းဖုန်းတွင် ဖုန်းတွင်းမှတ်ဥာဏ် 16Gb ပါဝင်မည်ဖြစ်သည်။ ကျောဘက်ကင်မရာ 13MP နှင့် ရှေ့ဘက် ကင်မရာမှာ 8MP ပါဝင်ထားသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...