Friday, October 10, 2014

ပေါင်ချိန် ၄၀၀ ကျော်မှ ၁၀၀ ကျော်ဖြစ်အောင် ဝိတ်ချနိုင်ခဲ့သူ


ပုံမှာ မြင်တွေ့နေရတာ အမျိုးသမီး တစ်ယောက်တည်းပါ။ Emma Sealey လို့ အမည်ရတဲ့ အမျိုးသမီးဟာ အသက် ၃၃ နှစ်မှာ ကိုယ်ခန္ဓာ ပေါင်ချိန်ဟာ ၄၂၀ ဝန်းကျင် အထိ ရှိလာပါတယ်။ သူမသာ ဒီတိုင်း ဆက်သွားရင် အသက် ၄၀ နှစ်ပြည့် မွေးနေ့ မမှီနိုင်ဘူးလို့ သိမြင်ပြီး ကြိုးစား ဝိတ်လျော့ပါတော့တယ်။နှစ်နှစ် အတွင်း ပုံမှာ မြင်တွေ့ ရသလိုပဲ ပေါင်ချိန် ၁၄၀ ဝန်းကျင် အလေးချိန်သာ ရှိတဲ့ ခပ်ပိန်ပိန်ပါးပါး အမျိုးသမီးတစ်ဦး ဖြစ်သွား ပါတယ်။ အဝတ် size ၃၀ ကျော်မှ size 8 ကို ပြန်ဝတ်ရတဲ့အထိ ပိန်သွားခြင်း ဖြစ်ပါတယ်။ ဒီအတွက် သူမဟာ ဘာဆေးမှလည်း မသောက်ခဲ့ ပါဘူး။ ဝိတ်ကျရန် အတွက် အားကစား ပုံမှန်လုပ်ခြင်း၊ အစားအသောက် ဆင်ခြင်း၊ အနေအထိုင် ဆင်ခြင်ခြင်းတို့ကို ပြုလုပ်ခဲ့ ပါတယ်။ ဒါကြောင့်မို့ ၂ နှစ်ပြည့်ပြီး အသက် ၃၅ နှစ် အရွယ်မှာ ပုံမှာ မြင်တွေ့ရသလိုပဲ ပိန်သွားပါတယ်။

သူမဟာ အိမ်ထောင်သည် တစ်ဦးပါ။ အိမ်မှု ကိစ္စရှိနေသည့်တိုင် ဇွဲမလျော့ပဲ လေ့ကျင့် ကြိုးစားခဲ့တဲ့ ရလဒ် ဖြစ်ပါတယ်။
.
Ref: Metro
အောင်ခမ်း (www.innewsmyanmar.com)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...