
တိရစ္ဆာန် ဥယျာဉ်(ရန်ကုန်)မှ ဆင်မလေးမိုမို ၏ ၆၁နှစ်ပြည့် မွေးနေ့ကိုငွေကျပ် နှစ်သိန်းခန့် ကုန်ကျခံ၍ အောက်တို ဘာ ၁၉ရက်တွင် ကျင်းပမည်ဖြစ် ကြောင်းသိရသည်။
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ လူသိများသော ဆင်မလေးမိုမိုက မွေးနေ့ကိတ်ပေါ်မှ ဖယောင်းတိုင် ၆၁တိုင်ကို ဆင်မလေးကိုယ်တိုင်မှုတ် ကာ ပြုလုပ်သွားမည်ဖြစ်သည်။
တိရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ ကျင်းပပေးခြင်းဖြစ်ကာ လူသိများ သည့် ဆင်မိုမိုကိုဂုဏ်ပြုသည့်အနေ ဖြင့်ကျင်းပပေးခြင်းဖြစ်ကြောင်းတိ ရစ္ဆာန်ဥယျာဉ်(ရန်ကုန်)မှ အုပ်ချုပ် ရေးမှူးဦးတင်ရွှေကပြောသည်။
''သူ့ကို ဂုဏ်ပြုတဲ့အနေနဲ့လုပ် ပေးတာပါ။ ဆင်မလေးမိုမိုဆိုတာက လူထုတွေလဲ အကုန်သိတယ်။ ကပြ ဖျော်ဖြေခဲ့တာကလဲ နှစ်ပေါင်းမနည်း တော့ဘူး။ အဲဒီနေ့မှာ ကိတ်မုန့်ကို သူတို့ စားတဲ့အုန်းသီးတွေ၊ ကြံတွေနဲ့လုပ်ပြီး ဆင်တွေကို ကျွေးသွားမယ်''ဟုယင်းက ဆက်လက်ပြောသည်။
ဆင်မလေးမိုမို၏ မွေးနေ့ပွဲ တွင် မိုမိုကိုယ်တိုင်ဖယောင်းတိုင်မီး မှုတ်ခြင်း အစီအစဉ်အပြင် မျက် လှည့်အစီအစဉ်များ၊ တိရစ္ဆာန်က ပွဲများနှင့် Unplugged Show တို့ပါ ဝင်မည်ဖြစ်ကြောင်းသိရသည်။
ဆင်မလေးမိုမိုကိုကယားပြည် နယ်၊ လွိုင်ကော်မြို့မှ ဦးခွန်စန္ဒက ၁၉၆၁ခုနှစ် ဖေဖော်ဝါရီ ၆ရက်တွင် လာရောက်လှူဒါန်းခဲ့ပြီးရန်ကုန်တိရစ္ဆာန်ဥယျာဉ်အတွင်း ကပြဖျော်ဖြေပွဲ များစွာကို တင်ဆက်ခဲ့သလို လူအများ နှစ်သက်သဘောကျခဲ့သည့် ဆင်မလေး ဖြစ်ကာ ယခုအချိန်တိုင် မော်လမြိုင် ရေသဘင် အကကို ကိုယ်တိုင် ဘာဂျာ မှုတ်လျက် ကပြနေဆဲဖြစ်သည်။
ယင်းသို့ဖျော်ဖြေခဲ့ရုံသာမက နိုင်ငံတော် အခမ်းအနားများဖြစ်သော မြင်းခင်းသဘင်ပွဲတော်၊ လှေသဘင် ပွဲတော်၊ တရုတ်ပြည်မှစွယ်တော် ပင့် ဆောင်ခြင်းစသည့် အခမ်းအနားများ တွင်လည်းပါဝင်ခဲ့သည်။
ယခုအသက် ၆၁နှစ်ပြည့်အ ထိ ကျန်းကျန်းမာမာရှိကြောင်းနှင့် ယခုနှစ်တွင် ကျင်းပမည့်မွေးနေ့ပွဲ မှာ ဒုတိယအကြိမ်ဖြစ်ကာ တိရစ္ဆာန် ဥယျာဉ်တွင် ယခုလက်ရှိ ဆင်အကောင် ရေ ကိုးကောင်ကို မွေးမြူပြသထား ကြောင်းသိရသည်။
MTZ
Democracytoday
0 comments:
Post a Comment