Thursday, October 16, 2014

ကြင်ဖေါ်လုဖက်လို့သံသယရှိနေသူရဲ့ ရင်သားကို ကတ်ကြေးနဲ့ ညှပ်ခဲ့တဲ့ တရုတ်အမျိုးသမီး





သဝန်တိုနေတဲ့ တရုတ်အမျိုးသမီးတစ်ဦးဟား ကြင်ဖေါ်လုဖက်လို့ သူမသံသယရှိနေတဲ့ သူကိုမေ့မျောအောင်ရိုက်နှက်၊ အဝတ်အစားချွတ်၊ ကြိးချည်ပြီး ရင်သားတွေကို ကတ်ကြေးနဲ့ညှပ်ခဲ့ပါတယ်။

ဒီကြောက်စရာကောင်းတဲ့ လုပ်ရပ်ဟာ တရုတ်နိုင်ငံအရှေ့တောင်ပိုင်း Guangdong ဒေသက Heshan မှာဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ အသက် ၂၇ နှစ်အရွယ် Xiao Lin တစ်ယောက် အပြင်က တံခါးခေါက်သံကြားတဲ့အချိန် အိမ်မှာ ရုပ်မြင်သံကြားကြည့်ရှုနေတာဖြစ်ပါတယ်။

နောက်ပိုင်းမှာ သူမကတံခါးဖွင့်လိုက်တဲ့အချိန်မှာ တစ်စုံတစ်ယောက်က တံခါးကိုဆောင့်ကန်၊ သူမရဲ့ခေါင်းကိုရိုက်နှက်ပြီး ကြမ်းပြင်ပေါ်အရုပ်ကြိုးပြတ်လဲကျသွားစေခဲ့ကြောင်း သူမရဲ့လင်ယောကျာ်း Xiao Luo ၂၈ နှစ်ကိုပြောပြခဲ့ပါတယ်။ ပြီးတော့ အိတ်တစ်အိတ်ကို သူမရဲ့ခေါင်းပေါ်မှာစွပ်၊ အဝတ်အစားချွတ်ပြီး ကြိုးတုပ်ခဲ့ပါတယ်။

‘သူမက ဒါလိင်ပိုင်းဆိုင်ရာကျူးကျော်စော်ကားသူဖြစ်နိုင်တယ်လို့ ထင်ခဲ့ပါတယ်။ ဒါပေမယ့် ဒါက အများကြီးပိုဆိုးတဲ့ အရာတစ်ခုပါ။ အဲဒီ့ တိုက်ခိုက်သူဟာ သူမရဲ့ရင်သားတွေကို ကတ်ကြေးတစ်ချောင်းနဲ့ ညှပ်ခဲ့ပါတယ်’ လို့ အညှပ်ခံရသူရဲ့လင်ယောကျာ်းက ဌာနေသတင်းဌာနကို ပြောပြပါတယ်။

ဒီရက်စက်မှုအပြီးမှာ ခေါင်းဆောင်းကို ဆွဲချွတ်လိုက်ပြီး ဒီတိုက်ခိုက်သူက သူမနဲ့အတူအလုပ်လုပ်ဖူးတဲ့ Meng Tsao ဆိုသူ အမျိုးသမီးဖြစ်နေကြောင်းသိခဲ့ရပါတယ်။ Meng ကိုဖမ်းဆီးခဲ့တဲ့ စုံထောက်တွေရဲ့အဆိုအရ သူမက ဒီတိုက်ခိုက်မှုကို ကျူးလွန်ခဲ့ကြောင်းဝန်ခံခဲ့ပြီး ဒါဟာ အဆိုပါအမျိုးသမီးက သူမရဲ့လင်ယောင်္ကျားကို ခိုးယူပေါင်းသင်းခဲ့တာကြောင့်လို့ ဆိုပါတယ်။

အဆိုပါ ခိုးယူပေါင်းသင်းခံရတယ်လို့ပြောတဲ့ သူဖြစ်သူ Meng Pan နဲ့စကားပြောခဲ့တဲ့အခါမှာတော့ သူက Xiao Lin ကြားက ဖောက်ပြန်မှုမရှိခဲ့ကြောင်း ငြင်းဆန်ခဲ့ပါတယ်။ ဒါပေမယ့်လည်း သူက သူမကို ကြိတ်ကြိုက်နေတာဖြစ်ပေမယ့် သူမကိုငြင်းဆန်ခဲ့ကြောင်း ဝန်ခံခဲ့ပါတယ်။

သူက သူ့အမျိုးသမီးကို Xiao Lin ကဆွဲဆောင်မှုရှိတယ်လို့ သူထင်ကြောင်း ပြောပြခဲ့ဖူးတယ်လို့ပြောပါတယ်။ အဲဒီ့အချိန်တုန်းက သူကကွာရှင်းခွင့်တောင်းဖို့အတွက် ဆုံးဖြတ်ချက်ချခဲ့ပြီး သူ့အမျိုးသမီးက Xiao Lin က အပြစ်တင်ရမယ့်သူဖြစ်တယ်လို့ ယူဆပြီး ကလဲ့စားချေဖို့ဆုံးဖြတ်ခဲ့ကြောင်းပြောပါတယ်။

Meng ကိုဖမ်းဆီးနိုင်ခဲ့ပေမယ့် လက်ရှိဆေးရုံပေါ်မှာကုသမှုခံနေရတဲ့ Xiao Lin ရဲ့ ပြတ်တောက်သွားတဲ့ ရင်သားအပိုင်းအစကို ပြန်ဆက်ဖို့ မဖြစ်နိုင်ကြောင်း ကျန်းမာရေးဝန်ထမ်းတွေက ပြောပါတယ်။

ပြည်မြန်မာ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...