Wednesday, October 29, 2014

ချာရင်း(ဆန်မီ)၏ဒုတိယမြောက်လက်ထပ်ပွဲ

ဆည်းဆာရင်ခုန်သံဇာတ်လမ်းတွဲ၊ပင်လယ်လောက်ကြီးချစ်တယ်ဇာတ်လမ်းတွဲတွေနဲ့အောင်မြင်မှုရခဲ့သောချာရင်း(ဆန်မီ)သည်အောက်တိုဘာလ၁၄ရက်
မှာတရုတ်ပြည်မသရုပ်ဆောင်“ကောင်းကျီချီ”(Gao Zi Qi)နဲ့လက်ထပ် ခဲ့ပါသည်။ မင်္ဂလာပွဲကိုခင်ပွန်းဖြစ်သူ ၏မွေးရပ်မြေ ရှန်စီမှာကျင်းပခဲ့ပါသည်။နှစ်ဖက်မိဘနှင့်မိတ်ဆွေသူငယ်ချင်းတွေမင်္ဂလာပွဲကို  တက်ရောက် ချီးမြှင့်ပေးခဲ့ကြပါသည်။ဒီလက်ထပ်ပွဲသည်သူမအတွက်တော့ ဒုတိယမြောက်လက်ထပ်ပွဲဖြစ်ပါသည်။

သူတို့နှစ်ဦးသည်တရုတ်ဇာတ်လမ်းတွဲ“ Li`s familycourtyard”ဇာတ်လမ်းတွဲမှာအတူတကွသရုပ်ဆောင်ခဲ့
ရင်းတွေ့ဆုံခဲ့ကြတာပါ။သူတို့နှစ်ဦးရဲ့အချစ်ရေးကို၂၀၁၄မတ်လ၂၇ရက်မှာပရိတ်သတ်နှင့်မီဒီယာတွေကို
တရားဝင်အသိပေးခဲ့ပါသည်။

ဆန်မီသည်၂၀၀၃တွင်သူထက်၁၄နှစ်ကြီးသောအဆိုတော်လီဆန်ဟွမ်နဲ့လက်ထပ်ခဲ့ပါသည်။
၂၀၀၆မှာတော့နှစ်ဦးသားသဘောထားမတိုက်ဆိုင်မှုတွေကြောင့်ကွာရှင်းခဲ့ပါသည်။ချာရင်းနှင့်ကောင်းကျီချီ
တို့နှစ်ဦးရဲ့မင်္ဂလာပွဲကိုဆိုး(လ်)တွင်လည်းကိုးရီးယားရိုးရားအတိုင်းကျင်းပခဲ့ပါသည်။

သူတို့နှစ်ဦးလက်ထပ်ပြီးတဲ့ နောက်ပျားရည်ဆမ်းခရီးထွက်မဲ့အစီအစဉ်ကိုတော့လျှို့ဝှက်ထားခဲ့ပါသည်။
သူတို့နှစ်ဦးကိုလက်ထပ် ပြီးတဲ့နောက်အခြေအနေတစ်ချို့ကို မေးမြန်းခဲ့ကြပါသည်။“ချာရင်းက သိပ်စေ့စပ်သေချာတယ်။ကျွန်တော်မိဘတွေသူ့ကိုသိပ်သဘောကျကြတယ်။သူဆက်ဆံရေးသိပ်ကောင်းတယ်။” လို့ကောင်းကျီချီကဇနီးသည်နဲ့ပတ်သတ်တဲ့ခံစားမှုတစ်ချို့ကိုပြောပြခဲ့ပါသည်။

“သူကတော့အမြဲတမ်းအကောင်းဘက်က တွေးတတ်တယ်။နောက်ပြီးအေးအေးဆေးဆေးနဲ့အလျှော့ပေး
တတ်တယ်။ကျွန်မအိမ်သားတွေကတော့ သူကိုသဘောကျကြတယ်။”လို့ခင်ပွန်းသည်နဲ့ပတ်သတ်ပြီး
ချာရင်းကပြောပြပါတယ်။

သူတို့နှစ်ဦးသည်နိုင်ငံမတူ၊ဘာသာမတူပဲချစ်ခဲ့ကြတာတဲ့အတွက်စိုးရိမ်မှုတွေရှိခဲ့ကြပါတယ်။နောက်ဆုံးတော့
လည်းသူတို့နှစ်ဦး ရဲ့ချစ်ခရီးလမ်းသည်ချောမွေ့ခဲ့ပါသည်။ချာရင်းသည်ခင်ပွန်းသည်အတွက် တရုတ် အစား အစာတွေ ချက်ပြုတ်တတ်အောင်သင်ယူနေသလို၊နှစ်ဦးကြား က ဘာသာစကား အခက်အခဲ ကိုကျော်လွှား ဖို့အတွက်  တရုတ်ဘာသာစကားကို လည်း သင်ယူနေပါတယ် ။

သူတို့နှစ်ဦးကြားမှာတရုတ်၊ကိုးရီးယား၊အင်္ဂလိပ်ဘာသာစကားတွေကိုအဆင်ပြေသလိုအသုံးပြုနေရတာပါပဲ။
တစ်ခါတစ်ရံမှာတော့ခင်ပွန်းဖြစ်သူကောင်းကျီချီသည်ဝါကျရှည်ရှည်တွေကိုအပိုင်းအပိုင်းဖြတ်ပြီး ချာရင်း နားလည်အောင်ပြောပြရပါတယ်။

နှစ်ဦးစလုံးသည်သရုပ်ဆောင်တွေဖြစ်နေတဲ့အတွက်သူတို့နှစ်ဦးကြားဆက်ဆံရေးကိုဘာနဲ့ထိန်းထားသလဲ
လို့မေးမြန်းတဲ့အခါမှာတော့ “ကျွန်မတို့နှစ်ဦးကြားမှာယုံကြည်မှုတွေရှိနေရင်ပြီးတာပါပဲ။” လို့ဖြေကြားခဲ့ ပါသည်။ကောင်းကျီချီကတာ့“ချာရင်းကိုရာနှုန်းပြည့်ယုံကြည်စိတ်ချနေတဲ့ပုံပါပဲ။“ချာရင်းကကိုယ့်ကိုယ်ကိုယ်
ထိန်းသိမ်းတတ်တဲ့မိန်းကလေးပါ။

ကျွန်တော်တို့တွေပြည်တွင်းမှာလည်းသရုပ်ဆောင်တာနဲ့ပတ်သတ်လို့ကန့်သတ်ချက်တွေရှိတော့သိပ်တော့
ပြဿနာမရှိပါဘူး။ဒါကြောင့် သူတခြားသရုပ်ဆောင်တွေနဲ့ချစ်ခန်းကြိုက်ခန်းတွေမှာသရုပ်ဆောင် လည်း ကျွန်တော် စိတ်မပူပါဘူး။သိပ်တော့အလွန်အကျူးမဖြစ်ပါဘူး။”

သက်(ref:weibo) 
(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...