Monday, October 13, 2014

တာမိုးညဲမြို့နယ်တွင် ဘိန်းဖြူ ၆၅ဝ ဂရမ် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိ


နေပြည်တော်၊ အောက်တိုဘာ ၁၁
အောက်တိုဘာ ၄ ရက်က တာမိုးညဲမြို့နယ်ရှိ နယ်မြေခံတပ်မှ တပ်ဖွဲ့ဝင်များသည် နယ်မြေ ရှင်းလင်းရေး ဆောင်ရွက်စဉ် တာမိုးညဲမြို့နယ်၊ ရှောက်ဟော်ကျေးရွာဘက်မှ တက္ကနိုင်းကျေးရွာဘက်သို့ လမ်းလျှောက်လာသူ လူတစ်ဦးအား စစ်ဆေးရန်ရပ်တန့်စဉ် အထုပ် တစ်ထုပ်အား ပစ်ချထွက်ပြေး သွားသဖြင့် ၎င်းပစ်ချခဲ့သည့် အထုပ်အားစစ်ဆေးရာ ဘိန်းဖြူဆပ်ပြာခွက် ၆၅ ခွက်၊ ဘိန်းဖြူအလေးချိန် ၆၅၀ ဂရမ် ပိုင်ရှင်မဲ့ သိမ်းဆည်းရမိပြီး အောက်တိုဘာ ၈ ရက်တွင် မူးယစ် တပ်ဖွဲ့စု(၂၂)မူဆယ်သို့ လွှဲပြောင်းပေးအပ်သဖြင့် တာမိုးညဲနယ်မြေရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများ ဆိုင်ရာဥပဒေအရ အရေးယူထားရှိပြီး တရားခံဖမ်းဆီး ရမိရေး ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...