Tuesday, October 7, 2014

အထက်တန်းကျောင်းသားများကို ရွှေရောင် iPhone 6 များ အလကားပေးသတဲ့


တရုတ်ပြည်က Qian လို့အမည်ရတဲ့ အလှူရှင် သူဌေး တစ်ဦးဟာ သူလှူဒါန်းထားတဲ့ အထက်တန်းကျောင်း တစ်ခုက စာသင်ခန်းက ကျောင်းသား များကို ရွှေရောင် iPhone 6 များ အလကားပေးကြောင်း သိရ ပါတယ်။
သူဟာ၂၀၀၈ ခုနှစ်မှာတုန်းက sichuan နဲ့ ၂၀၁၀ မှာတန်းက Yushu ဒေသတို့မှာ မြေငလျင် ဖြစ်တော့ ကြီးမားသော လှူဒါန်းမုများ ပြုလုပ်ခဲ့ ပါတယ်။ ယင်းကဲ့သို့ လှူဒါန်းမှုများကြောင့် လူသိများလာပြီး ၂၀၁၂ ခုနှစ်တုန်းကလည်း ဆွေမျိုးတစ်ဦးရဲ့ မင်္ဂလာဆောင်မှာ စာအိတ်ထဲ အမေရိကန်ဒေါ်လာ ၂သိန်းခွဲကျော်ဖိုး ထည့်လို့ လက်ဖွဲ့ ပေးခဲ့ပါတယ်။ ယခု သူ့ရဲ့ iPhone 6 လှူဒါန်းမှုဟာလည်း လူသိများ သွားပြန်ပါတယ်။ တရုတ်ပြည်မှာ အောက်တိုဘာလ ၁၆ ရက်နေ့ကျော်မှာ iPhone 6 ရရှိမှာ ဖြစ်ပါတယ်။ ဒါပေမယ့် Qian ဟာ ဘယ်ကနေ မှန်းမသိ ရရှိထားပြီး တရုတ်စာ နဲ့ အမှတ်ရတောင် ရေးထိုးထားပါ သေးတယ်။

သူဟာ အလှူအဒါန်းမှာ လူတန်းပေါင်းစုံနဲ့ လူမျိုးပေါင်းစုံကို လှူဒါန်းပြီး ယခု ဈေးကြီး အိုင်ဖုန်း လှူဒါန်းမှုအတွက် အကြောင့် ကမ္ဘာက သိလာစေခဲ့ ပါတယ်။
.
Ref: techinasia
အောင်ခမ်း (www.innewsmyanmar.com)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...