ကိုယ်ဝန် လနုနေသေး၍ လက်ခံထားသည့် ဇာတ်ကားနှစ်ကား ရိုက်ကူးပြီးလျှင် ရိုက်ကူးရေး ခေတ္တ နားမည်ဟု သက်မွန်မြင့် က ပြောသည်။
‘‘ကိုယ်ဝန်က လအရမ်းနုနေသေးတယ်။ နေမကောင်းလည်းဖြစ်တော့ အပင် ပန်းလည်းမခံနိုင်ဘူး။ ဇာတ်ကားရိုက်ရင် စိတ်ရော လူရော အရမ်းနှစ်ပြီး အချိန်လည်း ပေးရတယ်ဆိုတော့ ကလေးအတွက် အနားယူဖို့ အချိန်မရှိဘူး ဖြစ်နေတယ်’’ဟု သက်မွန်မြင့် က ပြောသည်။
လက်ရှိ အောင်ရဲလင်းနှင့် ရိုက်ကူးနေသည့် ဇာတ်ကားပြီးပါက နေတိုးနှင့် တစ်ကားရိုက်ကူးရန် လက်ခံ ထားသဖြင့် ယင်းဇာတ်ကားများ ပြီးပါက ခေတ္တ အနားယူမည်ဟု ကိုယ်ဝန်နှစ်လကျော် လွယ်ထားသည့် သက်မွန်မြင့် က ပြောသည်။
ထို့အပြင် အောက်တိုဘာ ၄ ရက် ညက အမျိုးသားကဇာတ်ရုံ၌ ပြုလုပ်ခဲ့သော ဖျော်ဖြေပွဲတွင် ၎င်း၏ နာမည်ကို ကြေညာထားရာ ကျန်းမာရေး မကောင်း၍ မပါဖြစ်ခဲ့ခြင်းကိုလည်း ပရိသတ်များအား တောင်း ပန်ကြောင်း ၎င်းကပြော သည်။
‘‘အဲဒီပွဲမှာ မပါဖြစ်တဲ့အကြောင်းနဲ့ ပတ်သက်ပြီး ပရိသတ်ကို သက်မွန် တောင်းပန်ပါတယ်။ နားလည်ပေးမယ် လို့လည်း မျှော်လင့်ပါတယ်။ ဒီအချိန်မှာ အဲဒီလောက်ကြီးလည်း ပင်ပန်းမခံနိုင်သေးဘူးလေ။ တကယ်လို့ နေမကောင်းဘဲ ပါခဲ့ရင် အမှားမခံဘူး။ ပြန်လုပ်လို့လည်းမရဘူးလေ။ ကိုယ်တစ်ခုခု ဖြစ်ခဲ့ရင် ဇာတ်ကြီးတစ်ခုလုံး ထိခိုက်မှုဖြစ်နိုင်လို့ ကျန်းမာရေးအရ မပါဖြစ်တာပါ’’ ဟု သက်မွန်မြင့် က ပြောသည်။

0 comments:
Post a Comment