Tuesday, October 7, 2014

အသားကင်နေစဉ်မှာ မျက်ကပ်မှန်တပ်၍ မျက်လုံး ကန်းသွားသူ


အသက် ၂၁ နှစ်အရွယ် မိန်းကလေးဟာ အခန်းတစ်ခု အတွင်း အသားကင်နေစဉ် မျက်ကပ်မှန်ကို တပ်လိုက်ပါတယ်။ မီးသွေးများဖြင့် အသားကင်ခြင်း ဖြစ်သောကြောင့် မီးခိုး အများအပြား ထွက်ပေါ်လာပါတယ်။ ထိုမီးခိုးများသည် သူမ၏ မျက်လုံးအတွင်းသို့ ဝင်ရောက်လာပါတယ်။
၂ မီနစ် ၃ မီနစ် အကြာမှာ သူမသည် မျက်လုံးမှ မျက်ရည်များ ရုတ်တရက် ကျဆင်းလာပြီး ဘယ်လိုမှ မနေနိုင်လောက်အောင် ခံစားရ ပါတော့တယ်။ သူမအခုလို ဖြစ်နေတာကို အချိန်အတော်ကြာ ဘယ်သူတစ်ဦး တစ်ယောက်မှ မသိပါဘူး။ သူမကို ဆေးရုံသို့ ပို့လိုက် ချိန်မှာတော့ သူမ၏ မျက်လုံး ကန်းသွားပြီလို့ ဆရာဝန်က ဆိုပါတယ်။

ဆက်လက်၍ ဆရာဝန်က မျက်ကပ်မှန်ကို ပြင်းထန်သော အပှုချိန်ရှိနေရင် မဝတ်ဆင်ဖို့ ပြောပါတယ်။ အထူးသဖြင့် အိမ်ရှင်မများ ဟင်းချက်ပြုတ်နေစဉ်မှာ မတပ်သင့်ပါဘူးလို့ ဆရာဝန်က ဆိုပါတယ်။ ဒါကြောင့် မျက်ကပ်မှန် ဝတ်ဆင်သူများ အနေဖြင့် သတိထားသင့်သည်က မျက်လုံးသို့ မြင့်မားသော အပှုချိန် ကျရောက်နေပါက မျက်ကပ်မှန်ကို အဝတ်သင့်ပါဘူး။

ကျန်းမာရေးနှင့် အလှအပ သတင်းများ

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...