Tuesday, October 7, 2014

အင်္ဂလန်က အသက်၆၉နှစ်အရွယ် အသန်မာဆုံး ဝိတ်မ ချန်ပီယံ အဖွား


ပုံမှာ မြင်တွေ့နေရတဲ့ အမျိုးသမီးဟာ အသက် ၆၉ နှစ်ရှိပါပြီ။ အင်္ဂလန်နိုင်ငံမှာ နေထိုင်တဲ့ မြေးနှစ်ဦး အဖွားဖြစ်တဲ့ Pat Reeves အမည်ရ အမျိုးသမီး ဖြစ်ပြီး ကမ္ဘာ့ အသက်အကြီးဆုံးထဲမှာ အသန်မာဆုံး အမျိုးသမီးအဖြစ် စံချိန်တင်ထား ပါတယ်။ သူမရဲ့ ဝိတ်မ နိုင်မှုဟာ သာမန် အမျိုးသား၊ အမျိုးသမီးများ ထက်တောင် ပိုပါသေး တယ်။ သာမန် လူမှုနေထိုင်ဘဝမှာ ရှင်သန် ဖြတ်သန်းခဲ့ပေမယ့် လွန်ခဲံတဲ့ ၂၇ နှစ်က အရိုးကင်ဆာ ရောဂါ ဝေဒနာ စခံစားရပါတယ်။ ဒါ့အပြင် နှလုံးရောဂါပါ ရှိပါတယ်။
ဒါကြောင့်မို့ သူမဟာ ရောဂါများ ပျောက်ကင်းစေရန် ရည်ရွယ်ချက်နဲ့ အားကစားများ ဆက်တိုက်လုပ်ပြီး ဝိတ်မခြင်း အားကစားဟာ သူမ အတွက် အကောင်းဆုံး အလေ့အထ တစ်ခု ဖြစ်လာပါတယ်။ ဘယ်လောက်တောင် ကြိုးစားသလဲဆို ပြိုင်ပွဲ ဝင်နိုင်တဲ့ အဆင့်အထိ ရောက်ခဲ့ပြီး ဆုတံဆိပ်များတောင် ရယူ နိုင်ခဲ့ပါတယ်။ ယနေ့အထိလည်း လေ့ကျင့် ဆော့ကစားနေဆဲ ဖြစ်ပြီး သင်တန်း ဖွင့်လို့ ပြန်တောင် သင်ပေးနေပါသေးတယ်။ အသက် ၆၉ နှစ်အရွယ် ဆိုရင် အများအားဖြင့် လှုပ်ရှား သွားလာမှု နည်းပြီး အားအင် ကုန်ခမ်းတဲ့ အရွယ် ဖြစ်ပါတယ်။ Pat အမည်ရ အဖွားကတေ့ ဝိတ်တုံးများကို မပြီး ပြိုင်ပွဲတွေမှာ ဆုရနေဆဲ ဖြစ်ပါတ်။

သူမ အနေနဲ့ နောက်ထပ် ကမ္ဘာ့ စံချိန်များ တင်နိုင်ဖို့ ကြိုး ပမ်းလျက် ရှိဆဲ ဖြစ်ကြောင်း သိရ ပါတယ်။ အဖွား Pat ဝိတ်မ သရုပ်ပြတဲ့ ဗီဒီယိုကိုhttp://youtu.be/Wbpn21YCMVk ထဲမှာ ဝင်ရောက် ကြည့်ရှု နိုင်ပါတယ်။
.
အောင်ခမ်း (ရိုးရာလေး)

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...