Sunday, October 19, 2014

အခွင့်အရေးတွေအကြောင်းပြောတိုင်းပြောတိုင်းမှာ အားလုံးက တာဝန်တွေအကြောင်းပါ ထည့်စဉ်းစားတတ်ဖို့ လို




  ထူထုဆန္ဒအတိုင်း
  ခေါင်းဆောင်တွေ တက်လာပြီး
  အဲဒီခေါင်းဆောင်တွေကလည်း
  လုထုဆန္ဒအတိုင်း
  အပြည့်အဝအကောင်အထည်ဖော်နိုင်ဖို့........ ။

  နိုင်ငံရေးသမားတွေကလည်း
  နိုင်ငံရေးသမားတွေနဲ့တူဖို့
  လူထုကလည်း ဒီမိုကရေစီစနစ်ရဲ့ သဘောတရားတွေကို
  စနစ်တကျ သိရှိပြီး အပြည့်အဝ လိုက်နာကျင့်ကြံကြဖို့ ......... ။

  နိုင်ငံရေးစနစ် ၊ နိုင်ငံရေးသမား၊ လူထုဆန္ဒ
  အားလုံး တစ်ထပ်ထဲကျဖို့
  ကျနော်တို့ အချိန်တွေအများကြီးယူရလိမ့်အုံးမယ်............... ။

  အစိုးရဖက်ကနည်းနည်းလျှော့ပေးလိုက်တဲ့ နောက်ပိုင်း
  စည်းကမ်းတွေပိုပျက်လာကြတာတွေ့ရတယ်။
 
  တက္ကစီငှားရင် ဒရိုင်ဘာတွေက ကျနော်အဲဒီဘက်မရောက်တော့ဘူး ပြောတုန်း။
  ဘတ်စ်ကားစီးတိုင်း စပယ်ယာတွေက ကားထဲကို ဆောင့်တွန်းထည့်နေကြတုန်း။
  စားဝတ်နေရေးအကြောင်းပြပြီး ကားလမ်းမပေါ် ဈေးတက်ရောင်းနေကြတုန်း။
  စီးပွားရေးသမားတွေက ဖောက်သည်တွေလည်ပင်းကိုလှီးနေကြတုန်း။
  တစ်မြို့လုံးတစ်ရွာလုံးကွမ်းတံတွေးတွေ ပေပွနေတုန်း။
  လိုင်စင်မရှိတဲ့ ဆိုင်ကယ်ကို လေးငါးယောက်ခွစီးနေကြတုန်း။
  ဝန်ထမ်းတွေခိုးတုန်း ၊ ဆရာမတွေလည်း လက်ကောက် ဘယ်နှစ်ကွင်းလဲ ပြိုင်ကြတုန်း။
  ငြိမ်းချမ်းရေးရမှာလည်း ကြောက်နေကြတုန်း။


  အစိုးရကပဲကောင်းတယ်လို့ မဆိုလိုပါဘူး။
  ကောင်းတဲ့အစိုးရတွေ ပေါ်လာဖို့
  အစိုးရကိုချည်း အားကိုးနေလို့မရသလို
ေ  ဘေးထိုင်ဘုပြောလို့ချည်းလည်းဘယ်လိုမှမရနိုင်ပါဘူး။
  လက်သည်ချည်းအားကိုးချင်နေကြသရွေ့
  နာသထက် နာနေကြအုံးမှာပဲ။

 အစိုးရတွေကို ထိန်းကျောင်းနိုင်တဲ့ လူထုဖြစ်ဖို့လိုပါတယ်။
  အစိုးရတွေကို ထိန်းကျောင်းနိုင်တဲ့ လူထုဖြစ်ဖို့လိုတယ်။
  အစိုးရတွေကို ထိန်းကျောင်းနိုင်တဲ့ လူထုဖြစ်မှ ဒီမိုကရေစီရမယ်။
  ဒီမိုကရေစီကို အသိစိတ်ဓါတ်နဲ့ ကျင့်ယူဖို့
ေ  တော်တော်ကြီး ဆော်သြရလိမ့်အုံးမယ်................ ။

  အခွင့်အရေးတွေအကြောင်းပြောတိုင်းပြောတိုင်းမှာ
  အားလုံးက တာဝန်တွေအကြောင်းပါ ထည့်စဉ်းစားတတ်လာတဲ့ အချိန်ကျမှသာ
ြ  မြန်မာနိုင်ငံသားတွေအားလုံး ကောင်းစားနိုင်ပါလိမ့်မယ်။

  Pite Tin

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...