မော်လမြိုင် စက်တင်ဘာ ၂၈
မွန်ပြည်နယ်အစိုးရအဖွဲ့၏စီစဉ်ကြီးကြပ်မှု၊ မွန်ပြည်နယ်ရဲတပ်ဖွဲ့မှူး၊ မော်လမြိုင်ခရိုင်ရဲတပ် ဖွဲ့မှူးတို့၏ ညွှန်ကြားချက်ဖြင့် မော်လမြိုင်မြို့နယ် မြိုင်သာယာရဲစခန်း စခန်းမှူး ရဲအုပ်အေးမင်းငြိမ်း၊ နယ်ထိန်းတာဝန်ခံ ဒုတိယရဲအုပ် ကျော်မင်းထွန်းနှင့် တပ်ကြပ်မျိုးမြင့်၊ ဒုတပ်ကြပ် ကျော်သက်နိုင် အဖွဲ့သည် စက်တင်ဘာ ၂၂ ရက် ည ၁၁ နာရီက မြိုင်သာယာရပ်ကွက် သမိန်ဗရမ်းလမ်း အိမ်အမှတ် (၃၇၇) နေ စောကျော်သိန်းမိုး (၃၉ နှစ် ) မောင်းနှင်လာသောမော်တော်ဆိုင်ကယ် ကို ရပ်တန့်ရှာဖွေ စစ်ဆေးရာ ၄င်းဝတ်ဆင်ထားသောဘောင်းဘီတိုအတွင်း WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၂ဝဝ ကို သိမ်းဆည်းရမိခဲ့သည်။ ဆက်လက်၍ စောကျော်သိန်းမိုး နေအိမ်အတွင်းရှာဖွေရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၆၅ဝ ထပ်မံသိမ်းဆည်း ရမိခဲ့သည်။ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား ၈၅ဝ လက်ဝယ်တွေ့ရှိသူ စောကျော်သိန်းမိုးကို မြိုင်သာယာရဲစခန်းက အမှုဖွင့် အရေးယူထားသည်။
ကျော်သန်း(မော်လမြိုင်)
0 comments:
Post a Comment