Sunday, October 19, 2014

အဆောင်နေကျောင်းသား ကျောင်းသူများထားရန် ရန်ကုန်တက္ကသိုလ်အတွင်းရှိ အဆောင်အချို့ကို ပြုပြင်မှုများ လုပ်ဆောင်မည်



အဆောင်နေကျောင်းသား ကျောင်းသူများထားရန် ရန်ကုန်တက္ကသိုလ် အတွင်းရှိ အဆောင်အချို့အား ပြုပြင်မွမ်းမံမှုများ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပညာရေးဝန်ကြီးဌာနမှ
 သိရသည်။

 ရန်ကုန်တက္ကသိုလ် အတွင်းရှိ တက္ကသိုလ်ကျောင်းဆောင်များတွင် ၂ဝ၁၃-၁၄ ပညာသင်နှစ်မှစတင်ကာ ကျောင်းသား ကျောင်းသူများအတွက် အဆောင်နေထိုင်ခွင့်ကို   ပြန်လည်ခွင့်ပြုခဲ့ခြင်းဖြစ်ရာ ကျောင်းသူများအတွက် အင်းလျားဆောင်၊ ရွှေဘိုဆောင်၊ ဒဂုံဆောင်နှင့် အင်ကြင်းဆောင်တို့ကို အဆောင်ကျောင်းသူများ နေထိုင်ရန်ခွင့်ပြုထားပြီး ကျောင်းသားများအတွက် ပဲခူးဆောင်၊ သထုံဆောင်၊ အင်းဝဆောင်နှင့် ပင်းယဆောင်တို့အား အဆောင်နေထိုင်ခွင့် ပြုခဲ့ခြင်း
 ဖြစ်သည်။

 ၎င်းအပြင် ရန်ကုန်တက္ကသိုလ် ပရဝဏ်ရှိ သီရိဆောင်နှင့် မာလာဆောင်တို့ကိုလည်း မူလအတိုင်း ကျောင်းသူ အဆောင်များအဖြစ် ပြန်လည်အသုံးပြုရန် စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကာ ရန်ကုန်တက္ကသိုလ် အတွင်းရှိ အဆောင်အချို့ကိုလည်း အဆောင်နေ ကျောင်းသားကျောင်းသူများထားရန် လာမည့်ပညာသင်နှစ်မတိုင်မီ ပြု ပြင်မွမ်းမံမှုများ လုပ်ဆောင်သွားမည် ဖြစ်သည်ဟု သိရသည်။

“အဆောင်နေထိုင်မှုကို ကျောင်းသားဦးရေထက် ကျောင်းသူဦးရေကို ပိုမိုလက်ခံသွားမှာဖြစ်လို့ ကျောင်းသူအဆောင်တွေကို တိုးချဲ့ဖို့ စီစဉ်ထားပါတယ်။ အဲဒါကြောင့် ရန်ကုန်တက္ကသိုလ်အတွင်းနဲ့ တက္ကသိုလ်ပရဝဏ်မှာရှိတဲ့ အဆောင်အချို့ကို ပြုပြင်မွမ်းမံမှုတွေ လုပ်ဆောင်ပြီး လာမယ့်ပညာသင်နှစ်အတွက် အဆောင်နေကျောင်းသား ကျောင်းသူတွေထားနိုင်ဖို့ စီစဉ်သွားမှာပါ” ဟု ပညာရေးဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိ တစ်ဦးက ဆိုသည်။

ယင်းသို့ပြုပြင်မွမ်းမံမှုများ ပြုလုပ်မည့် အဆောင်များတွင် လက်ရှိတက္ကသိုလ် ဆရာ/ ဆရာမများ နေထိုင်သည့် အဆောင်အချို့လည်း ပါဝင်နေကြောင်း သိရသည်။ အဆင့်မြင့်ပညာ ကဏ္ဍအတွက် အဆင့်မြင့်ပညာဦးစီးဌာန (အောက်မြန်မာပြည်) ၌ အဆောင်နေထိုင်ခွင့် ပြုထားသည့် တက္ကသိုလ်၊ ဒီဂရီကောလိပ်နှင့် ကောလိပ်ပေါင်း ၂ဝ ခုရှိပြီး အဆောင်နေထိုင်သူ ကျောင်းသား ကျောင်းသူ စုစုပေါင်း ၃၁၇၂ ဦးရှိကြောင်း သိရသည်။

Eleven

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...