Saturday, October 25, 2014

အီဘိုလာနှင့် IS ဘယ်အရာက အရေးကြီးသလဲ


 
ယနေ့ကမ္ဘာပေါ်တွင် အရေးအကြီးဆုံးပြဿနာနှစ်ရပ်ရှိနေသည်။ 
 




ပထမတစ်ခုမှာ အီဘိုလာ (Ebola) ခေါ် ခန္ဓာကိုယ်တွင်း သွေးထွက်လွန်ရောဂါပိုးနဲ့ ဒုတိယတစ်ခု IS ခေါ် အစ္စလာမ္မစ်စစ်သွေးကြွ ဂျီဟတ်တွေ အရေးကိစ္စပဲ ဖြစ်ပါတယ်။

ကမ္ဘာကြီးတစ်ခုလုံးကိုလွှမ်းခြုံပြီး ဒုက္ခပေး ကြမယ့်အကြောင်းကိစ္စနှစ်ခု ဖြစ်နေပါတယ်။

Ebola အီဘိုလာရောဂါဟာ အာဖရိကတိုက်ကစ ခဲ့ပြီး၊ IS စွန်းရောက် မူဆလင်စစ်သွေးကြွတွေဟာ အရှေ့အလယ်ပိုင်းအီရတ်နဲ့ ဆီးရီးယားကစခဲ့တာဖြစ်ပါ တယ်။ အီဘိုလာရောဂါစဖြစ်လို့ လပိုင်းအတွင်းမှာပဲ လူ ၄၉ဝဝကျော်သေဆုံးခဲ့ရပြီးဖြစ်ပါတယ်။ ယခုအထိ ကြိုတင်ကာကွယ်ဖို့ ဆေးမတွေ့သေးသလို ရောဂါဖြစ် ပွားသူတွေကို ကုသပေးဖို့ဆေးလည်း အတိအကျမရှိသေး ပါဘူး။ ချမ်းသာတဲ့အမေရိကန်နဲ့ ဥရောပနိုင်ငံတွေမှာ တော့ သူတို့နိုင်ငံသား အီဘိုလာရောဂါသည်တွေကို သူတို့ နိုင်ငံက အကောင်းဆုံးဆိုတဲ့ဆေးတွေနဲ့ ကြံဖန်ကုသခဲ့ ကြလို့ အသက်မသေချမ်းသာရာရရှိသူအနည်းငယ်ရှိပါ တယ်။ ဒါပေမဲ့ သူတို့ရဲ့အဓိကကုထုံးဟာ အီိဘိုလာ ရောဂါသည်၊ ရောဂါသည်နဲ့အဆက်အသွယ်ရှိသူတွေကို လေဆိပ်ကပင်အဝင်မခံဘဲ ပိတ်ပင်တားဆီးတဲ့နည်းနဲ့ သူတို့နိုင်ငံတွေကို အီဘိုလာရောဂါပိုး မရောက်နိုင်အောင် တားဆီးတဲ့နည်းကို အသုံးပြုနေကြပါတယ်။

ဒါပေမဲ့ အီဘိုလာရောဂါစတင်ဖြစ်ပွားရာ အ နောက်အာဖရိကက ဆီယာရီလွန်နဲ့ ဆီနီဂေါနိုင်ငံတွေမှာ ယခုထိ ရောဂါပျံ့နှံ့မှုကိုမထိန်းချုပ်နိုင်သေးပါဘူး။ အ လွန်ကြောက်စရာကောင်းတဲ့ ရောဂန္တရကပ်ထဲမှာ နေ ထိုင်နေကြရဆဲဖြစ်ပါတယ်။ ချမ်းသာတဲ့နိုင်ငံတွေဟာ သူတို့နိုင်ငံကို ရောဂါပိုးမပျံ့ဖို့၊ ရောဂါပိုးရောက်မလာဖို့ ကိုသာ အဓိကထားလုပ်ဆောင်နေကြတဲ့အတွက် ဆင်း ရဲတဲ့ရောဂါဖြစ်ပွားရာ ဒေသနေပြည်သူတွေဟာ အီဘို လာရောဂါပိုးရဲ့နှိပ်စက်မှုနဲ့ ဘယ်တော့သေကြရမလဲဆို တာ ထိုင်ပြီးစောင့်နေကြရတဲ့အခြေအနေလို့ ဝေဖန်သူ တွေက ဆိုကြပါတယ်။

IS ဂျီဟတ်စစ်သွေးကြွတွေက အီရတ်နဲ့ ဆီးရီးယား မှာ ''ခါလီဖစ်'' နိုင်ငံထူထောင်ပြီး ဘာသာရေးစစ်ပွဲဆင် နွှဲခဲ့ကြပါတယ်။ ပထမက ဆွန်နီမူဆလင်တွေက ရှီယိုက် မူဆလင်တွေကို တိုက်ခိုက်သတ်ဖြတ်ကြတာဖြစ်လို့ သူ တို့ပြည်တွင်းရေးပဲလို့ မှတ်ယူခဲ့ကြပါတယ်။

မူလကတည်း ကအီရတ်အစိုးရဟာ အမေရိကန်ပြည်ထောင်စုကို လေ ကြောင်းကကူတိုက်ပေးပြီှးှု တွေကိုနှိပ်ကွပ်ဖို့ တောင်း ပန်ခဲ့ပေမယ့်အမေရိကန်က ရေငုံနှုတ်ပိတ်နေခဲ့တယ်။ ဒါပေမဲ့ IS တွေဟာ ဆီးရီးယားနဲ့ အီရတ်ကခရစ်ယာန် တွေ၊ ယာဇီဒစ်တွေနဲ့ ကာ့ဒ်လူမျိုးတွေကိုပါ အဓမ္မ ဘာသာပြောင်းခိုင်း အစုလိုက်သတ်ဖြတ်ခြင်းတွေကို လုပ် လာတဲ့အပြင် ဂျော်ဒန်နဲ့ တူရကီနိုင်ငံတွေကိုပါ ခြိမ်းခြောက် လာခဲ့ပါတယ်။

ဒါကြောင့် IS တွေဟာဒေသတွင်းမှာ မငြိမ်သက်စေတဲ့ မူလအခြေခံဖြစ်သလို၊ ဒီ IS တွေရဲ့ စည်းရုံးမှုနဲ့ အနောက်နိုင်ငံ၊ အာရှတိုက်စတဲ့ ဒေသတွေက ဂျီဟတ်ဒစ်သမားတွေပါ ဆီးရီးယား-အီရတ်စစ်ပွဲမှာ ပါဝင် တိုက်ခိုက်လာခဲ့ကြပါတယ်။ သူတို့ဟာ လေ့ကျင့်ရင်းတိုက် ဆိုတဲ့မူနဲ့ တိုက်ခိုက်နေကြပြီး တချို့ကမိခင်နိုင်ငံတွေ မှာ IS အဖွဲ့အတွက် ရန်ပုံငွေနဲ့လူသစ်စုခြင်း၊ မိခင်နိုင် ငံမှာ အကြမ်းဖက်လုပ်ငန်းတွေ လုပ်ဆောင်ခြင်းတွေကို ပါ လုပ်လာခဲ့ကြပါတယ်။ ဒါကြောင့် IS တွေရဲ့ရန်ဟာ ကမ္ဘာတစ်ဝန်းလုံးကို ပျံ့နှံ့သွားနိုင်တဲ့ အခြေအနေမှာ ရှိနေပါတယ်။

အမေရိကန်ဦးဆောင်တဲ့ နိုင်ငံ ၅ဝပါတဲ့ IS တိုက်ဖျက်ရေး မဟာမိတ်အဖွဲ့ကိုဖွဲ့ခဲ့တာ တစ်လ ကျော်ပါပြီ။ ဆီးရီးယားနဲ့အီရတ်နိုင်ငံတွေက IS ပစ်မှတ်တွေကို လေကြောင်းမှတိုက်နေကြပါပြီ၊

ဒါပေမဲ့ IS တွေရဲ့ရန်ဟာ မလျော့သွားဘဲ ရှေ့ဆက်ပြီးတိုး တက်ဖြစ်ပေါ်နေပါတယ်။ ဒါကြောင့် မဟာဗျူဟာချမှတ် ဖို့ ကမ္ဘာ့အင်အားကြီးနိုင်ငံ ၂ဝက စစ်ဦးစီးချုပ်တွေဟာ ပြီးခဲ့တဲ့အပတ်ထဲမှာ အမေရိကန်ပြည်ထောင်စု နယူး ယောက်မြို့မှာ စည်းဝေးခဲ့ကြပါတယ်။

လေကြောင်းတိုက် ခိုက်မှုက မစွမ်းဆောင်နိုင်လို့မြေပြင်မှာရှိတဲ့ ကာ့ဒ်စစ် တပ်နဲ့ ဆီးရီးယားသူပုန်တွေကို လက်နက်တွေချပေးခဲ့ ပါတယ်။ ဒီတစ်ချီမှာ IS တွေကို နှိမ်နင်းနိုင်မယ်လို့ မျှော်လင့်ချက်ဟာ အဖြေဘယ်လိုထွက်လာမလဲ အမေ ရိကန်နဲ့ မဟာမိတ်တွေရဲ့အစွမ်းကို ကြည့်ကြရပါတော့ မယ်။

Ebola ရောဂါကို ဦးစီးနှိမ်နင်းရမှာက ကမ္ဘာ့ကျန်း မာရေးအဖွဲ့ခေါ်တဲ့ WHO အဖွဲ့ကြီး ဖြစ်ပါတယ်။ ဒါ ပေမဲ့ WHO မှာ အမည်သာရှိပြီး ရန်ပုံငွေဘတ်ဂျက်ဟာ သူ့ရှိရမယ့်ပမာဏထက် ၅ဝ ရာခိုင်နှုန်းလောက်လျော့ နည်းနေလို့ ကပ်ရောဂါအသွင်ဖြစ်ပေါ်ခဲ့တဲ့ အနောက် အာဖရိကနိုင်ငံတွေကို အင်တိုက်အားတိုက် မကူညီနိုင် ခဲ့ဘူးလို့ ဆိုပါတယ်။ အထူးသဖြင့် ဂီနီနိုင်ငံမှာ WHO အဖွဲ့ကိုယ်စားလှယ်တောင် မရှိဘူးလို့ ဆိုပါတယ်။

ဒီလို ကပ်ရောဂါမျိုးပေါ်ပေါက်လာရင် ရှေးဦးအလျင်အမြန် တုံ့ပြန်အရေးယူ လုပ်ဆောင်ရမယ့်အဖွဲ့ဟာ WHO သာ ဖြစ်ကြောင်း ကမ္ဘာ့ဘဏ်ဥက္ကဋ္ဌ ဂျင်ယောင်ကန်က ပြော ခဲ့ပါတယ်။

သူက ငွေကြေးမပြည့်စုံတဲ့ WHO မှာ ကျန်းမာ ရေးစောင့်ရှောက်မှုအတွက် ကြိုတင်ပြင်ဆင်ထားတဲ့ စီမံချက်တွေမရှိလို့ရယ်၊ ဘတ်ဂျက်ကြောင့်ဝန်ထမ်း တွေလျှော့ချရတာရယ်ကြောင့် Ebola ရောဂါကို အလျင် အမြန် တုံ့ပြန်အရေးမယူနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

ကမ္ဘာ့ ကျန်းမာရေးအဖွဲ့မှာ ကျွမ်းကျင်တဲ့ ဆရာဝန်တွေ၊ သုတေ သနပညာရှင်တွေနဲ့သူနာပြုတွေရှိပါတယ်။ ဒါပေမဲ့ ယခု ဝန်ထမ်းတွေ အတော်များများလျှော့လိုက်ရလို့ အရေး ကြီးတဲ့နေရာတွေကို ရောဂါနှိမ်နင်းရေး၊ ကာကွယ်ရေးအ တွက် လူမလွှတ်နိုင်ဘူးလို့ဆိုပါတယ်။

WHO မှာ ရန်ပုံ ငွေမရှိတာဟာ အနောက်တိုင်းချမ်းသာတဲ့ နိုင်ငံတွေက WHO အဖွဲ့ကြီးအတွက် လိုအပ်တဲ့ရန်ပုံငွေကို ပြည့်မီအောင် မထည့်ကြလို့ဖြစ်ကြောင်း ပညာရှင်တွေက ပြောကြပါတယ်။

ဒါပေမဲ့ ကမ္ဘာကြီးဟာ စက္ကန့်ပိုင်း၊ မိနစ် ပိုင်းမျှသာကြာတဲ့အချိန်အတွင်း လည်ပတ်နိုင်တဲ့ ရွာငယ် တစ်ရွာသာဖြစ်လို့ ကမ္ဘာဘယ်အစိတ်အပိုင်းမှာ ကပ်ရောဂါ ဖြစ်ပါစေ၊ ဒီလောက်ကြုံ့ပြီးသေးငယ်သွားတဲ့ ကမ္ဘာ့ရွာမှာ ဘယ်အပိုင်းကမှ ရောဂါဖြစ်ပွားမှုကို လုံးဝရှောင်ရှားနိုင် မှာမဟုတ်ပါဘူး။

IS တွေကို ချမ်းသာတဲ့နိုင်ငံတွေက လေကြောင်းက တိုက်လို့ ငွေကြေးတွေဒေါ်လာဘီလီယံနဲ့ချီပြီး နေ့စဉ်ကုန် ကျနေတယ်။

ဒီကုန်ကျစရိတ်တွေရဲ့ တစ်ပတ်စာလောက် ကို အီဘိုလာရောဂါတိုက်ဖျက်ရေးမှာ အသုံးပြုခဲ့ကြမယ် ဆိုရင် ကမ္ဘာ့ရွာဟာရောဂါကင်းဝေးစွာနေနိုင်ပါလိမ့်မယ် လို့ စင်ကာပူနိုင်ငံ NUS တက္ကသိုလ်က ပညာရှင်တစ်ဦး က ထောက်ပြခဲ့ပါတယ်။

ဒါပေမဲ့ ချမ်းသာတဲ့နိုင်ငံတွေဟာ အီဘိုလာရောဂါကို IS တွေလို မတိုက်ဘဲ သူတို့နိုင်ငံထဲ ကို မဝင်ဖို့သာ လေဆိပ်တွေမှာ စစ်ဆေးတားဆီးနေကြ ခြင်းဟာ ကမ္ဘာ့ရွာတစ်ခုလုံးဘေးကင်းချမ်းသာဖို့ အတွက် မရည်ရွယ်ဘူးဆိုတာ ထင်ရှားနေတယ်လို့ ၄င်းကဆိုပါ တယ်။

ယနေ့ကမ္ဘာကြီးပစ္စက္ခကြုံတွေနေရတဲ့ အီဘိုလာနဲ့ IS အရေးကိစ္စဟာ ကမ္ဘာ့ရွာအတွက် နေ့ချင်းညချင်းပျံ့ နှံ့နိုင်တဲ့ ကပ်ရောဂါဆိုးနှစ်မျိုးသာ ဖြစ်ပါတယ်။

ဒါကြောင့် ဒီကပ်ရောဂါနှစ်မျိုးလုံးကို ကမ္ဘာကြီးမှ ဖယ်ရှားသုတ်သင် ဖို့ ချမ်းသာသောနိုင်ငံများက ယခုထက်ပိုပြီး ကြိုးပမ်းအား ထုတ်သင့်ပါကြောင်း တင်ပြအပ်ပါတယ်။
- သီဟ
‪Democracytoday‬

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...