
Samsung ဟာ ၎င်းတို့ ထုတ်လုပ်တဲ့ စမတ်ဖုန်းနဲ့ ကွန်ပြူတာ Laptop တို့မှာ ကမ္ဘာ့စွဲအား
အကောင်းဆုံး Wi-Fi ပစ္စည်းကို တပ်ဆင်မှာ ဖြစ်ကြောင်း သိရပါတယ်။ သူ့ကို gizmosလို့ အမည်ပေးထားပြီး 1GB ပမာဏကို ၃ စက္ကန့် အတွင်း ပြီးအောင် Download ဆွဲနိုင်လောက်အောင် မြန်ဆန်မှာ ဖြစ်ပါတယ်။
ဒါကြောင့်မို့ Compress မလုပ်ထားတဲ့ အရည်အသွေးမြင့် ဗီဒိယိုနဲ့ ပမာဏများ
အချက်အလက်များကို ခွဲစရမလိုပဲ တိုက်ရိုက်ပို့လွတ်ခြင်း ရယူခြင်းတို့ကို စမတ်ဖုန်း၊
ကွန်ပြူတာတို့မှာ လွယ်တကူ ပြုလုပ်နိုင်စေမှာ ဖြစ်ပါတယ်။
ယင်း နည်းပညာ သုံး gizmos ကို စတင်တပ်ဆင်မှာကတော့ ၂၀၁၅ ခုနှစ်ကနေ ဖြစ်ပြီး
ဘယ် ပစ္စည်းတွေမှာ ပါဝင်လာမယ်လို့တော့ မပြောထားသေး ပါဘူး။ ဒါပေမယ့် ယင်း
သတင်းကြောင့်မို့ အခြား နည်းပညာ ကုမ္ပဏီများကို တုန်လှုပ်သွားစေတာ အမှန်ပါပဲ။
အထူးသဖြင့် Apple အတွက် ရင်ခုန် စရာ သတင်း တစ်ပုဒ်ပဲ ဖြစ်ပါတယ်။
ဒီတော့ Apple အပြင် အခြားသော နည်းပညာ ပစ္စည်းထုတ် ကုမ္ပဏီ များ အနေနဲ့ ဘယ်လို နည်းပညာ အသစ်များနဲ့ လိုက်မယ်ဆိုတာ လေ့လာ စောင့်ကြည့်ဆဲ ဖြစ် ပါတယ်။
Ref: Metro
ေေ အောင်ခမ်း
0 comments:
Post a Comment