9.10.2014
ရှမ်းပြည်နယ်၊ မိုင်းရယ်မြို့နယ်၊ မိုင်းရယ်-ကျေးသီးလမ်းမကြီးဘေးတွင် အောက်တိုဘာ ၇ ရက်နေ့က ရှမ်းပြည် တိုးတက်ရေးပါတီနှင့် ရှမ်းပြည်တပ်မတော် (SSPP/SSA)အဖွဲ့မှ ပစ်ခတ်သတ်ဖြတ်မီးရှို့မှုကြောင့် မီးလောင် သေဆုံးနေသော အလောင်း ၂ လောင်းကို တွေ့ရှိခဲ့ကြောင်း မိုင်းရယ်မြို့မရဲစခန်းမှ သတင်း ရရှိသည်။
“ သတင်းအရ လိုက်သွားကြတာပါ၊ မိုင်းရယ်-ကျေးသီး လမ်းမကြီးရဲ့ ညာဘက် တာပေါက်ကျေးရွာနားမှာပါ၊ ရွာနဲ့ ၂ ဖာလုံလောက်ပဲ ဝေးမယ်၊ ပုပ်ပွနေတဲ့ အလောင်း ၂ လောင်းနဲ့ မီးရှို့ခံထားရတဲ့ ဆိုင်ကယ် ၂ စီး တွေ့ရ ပါတယ် ” ဟု ရဲအရာရှိတစ်ဦးက ပြောသည်။
SSPP/SSA အဖွဲ့၏ ပစ်ခတ်သတ်ဖြတ်မှုကြောင့် မီးလောင်သေဆုံးနေသူ ၂ ဦးမှာ ဦးစိုင်းညွန့်(၄၈)နှစ်၊ မိုင်းပတ် ကျေးရွာ၊ တန့်ယန်းမြို့နယ် နေထိုင်သူနှင့် ဦးကေမွန်း ၆၀ နှစ်၊ နမ့်ပေါင်တိုက်နယ်နေထိုင် သူတို့ဖြစ်ကြောင်း သိရသည်။
“သေနတ်သံတွေ တောက်လျှောက်ကြားတယ်၊ မီးခိုးတွေလည်း မြင်တယ်၊ ဆိုင်ကယ်တွေကိုပဲ မီးရှို့တယ်လို့ ထင်တာ၊ အခုတော့ လူတွေကိုပါ မီးရှို့တာကတော့ တော်တော်ရက်စက်ပါတယ်ဗျာ ” ဟု ဒေသခံ ရွာသားတစ်ဦး က ပြောသည်။
“ ရက်ရက်စက်စက်ကို ပစ်သတ်ထားတာ၊ ဦးစိုင်းညွန့်မှာဆိုရင် သေနတ်ဒဏ်ရာ ၆ ချက်တွေ့ရတယ်၊ ဦးကေမွန်း ဆိုရင် နဖူးတည့်တည့်က အပစ်ခံထားရတာ၊ အဲဒီလိုမျိုး ရက်စက်ရဲတာ လက်နက်ကိုင် သောင်းကျန်းသူ အဖွဲ့ပဲ ရှိပါတယ်၊ ဒီနယ်မြေဟာ SSPP/SSA အဖွဲ့ရဲ့ နယ်မြေဖြစ်တဲ့အတွက် သူတို့လက်ချက်ပဲ ဖြစ်မှာပါ ” ဟု လိုက်ပါသဂြို င်္ဟ်ပေးခဲ့သော ဆွေမျိုးတစ်ဦးက ပြောသည်။
SSPP/SSA အဖွဲ့သည် အစိုးရတပ်များနှင့် တာဖာဆောင်ဘက်တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ပြီး စခန်း ဆုတ်ခွာပေးခဲ့ ရပြီးနောက် လဲချား-မိုင်းနောင်-မိုင်းရှူးလမ်း၊ မိုင်းရှူး-လားရှိုးလမ်း၊ ကျေးသီး-မိုင်းရယ် လမ်းများတွင် ပြည်သူ များအား ပစ်မှတ်ထား တိုက်ခိုက်သတ်ဖြတ်နေကြောင်း ယင်းခရီးသွားပြည်သူ များ၏ ပြောပြချက်အရ သိရှိရ ပါသည်။
စိုင်းဇော်ရှိုင်း (ရှမ်း/မြောက်)
0 comments:
Post a Comment