Thursday, October 9, 2014

8200 dpi အထိ စွမ်းဆောင် နိုင်တဲ့ Prolink Hesperus Laser Gaming Mouse PMG9801L


ဂိမ်းကစား သူများအတွက် Mouse ရွေးချယ်မယ် ဆိုရင်တော့ dpi မြင့်မားတာရယ် Response Time မြန်ဆန် တာရယ်က အရေးကြီးပါတယ်။ Prolink Hesperus Laser Gaming Mouse ကတော့ တစ်ချက် ရွှေ့တာနဲ့ ကိုယ်လိုအပ်မယ့် နေရာကို တိတိကျကျနဲ့ ရွေ့သွားနိုင်ဖို့ 8200 dpi အထိ စွမ်းဆောင်နိုင်တဲ့ Gaming အဆင့်မီ Avaga ADNS-9800 Laser ကို အသုံးပြု ထားပါတယ်။ Res-ponse Rate လွန်စွာ မြန်ဆန်တဲ့ Polling 1000hz/1ms နှင့် အတူ Frame Rate 12000fps အထိ အထောက်အပံ့ ပေးထား ပါတယ်။
Mouse တစ်လုံးတည်းဖြင့် Command ပေးနိုင်ရန် အသင့် အသုံးပြုနိုင်မယ့် ခလုတ် စုစုပေါင်း ကိုးခု ပါဝင်တာကြောင့် အဆင့် မြင့်တဲ့ Gaming အတွေ့အကြုံကို ခံစားနိုင်မှာ ဖြစ်ပါတယ်။ Game ကစား နေချိန်မှာ မိမိ လိုအပ်သလို dpi ချိန်ညှိနိုင်ရန် ခလုတ်နဲ့အတူ dpi ပမာ ဏကို ပြသပေးမယ့် LED မီးသင်္ကေတ Mouse မှာပါဝင်ပြီး ပိုမိုစိတ်ဝင် စားစရာ ကောင်းတဲ့ အချက် ကတော့ အသုံးပြုသူ စိတ်ကြိုက် Mouse ရဲ့ အလေးချိန်ကို ပြောင်းလဲ ပေးနိုင်တဲ့ Weight Adjustment ပဲဖြစ်ပါတယ်။Design ပိုင်းမှာလည်း အသုံးပြုသူ အတွက် စွမ်းရည် မြှင့်တင်ပေးတဲ့ စနစ်ဖြင့် ဖန်တီးထားပြီး ဘေးနှစ်ဖက်ကို နူးညံ့တဲ့ ရော်ဘာသား၊ 4D Scroll အစရှိတဲ့ အရည်အသွေး မြင့်မားတဲ့ ပစ္စည်း တွေနဲ့ ပြုလုပ် ထားပါတယ်။

0 comments:

Post a Comment

Related Posts Plugin for WordPress, Blogger...