အင်အား ကုန်ခန်းနေတာကို ပြန်ဖြည့်တင်းဖို့ ကက်ဖင်းမပါတဲ့ အစားအစာ စာချင်တယ် ဆိုရင်တော့ ကော်ဖီ၊ ချောကလက်တွေကို မယူလိုက်ပါနဲ့၊ ငှက်ပျောသီးကိုပဲ ကိုက်လိုက်ပါ။ သဘာဝရဲ့ သရေစာဖြစ်တဲ့ ငှက်ပျောသီးထဲမှာသကြားဓာတ် သုံးမျိုးနှင့် ဖိုင်ဘာခေါ် အမျှင်များ ပါဝင်နေ ပါတယ်။ သကြားသုံးမျိုး ဆိုတာကတော့ ဆူးခရို့စ်ခေါ်တဲ့ ကြံသကြား၊ ဖရပ်တို့စ်နှင့် ဂလူးကို့စ်တို့ပဲ ဖြစ်တယ်။ ဒါကြောင့် တင်းနစ် အကျော်အမော် ပိဆမ်းပရပ်စ်ကအကြိတ်အနယ်ပွဲတွေမှာ ခံနိုင်ရည် ဇွဲ ရှိစေဖို့ ငှက်ပျောသီးကို စားကြောင်းသိရတယ်။ ငှက်ပျောသီးနှစ်လုံး စားရုံနှင့် မိနစ် ၉၀-ကြာ အပြင်းအထန်လေ့ကျင့်ခန်း လုပ်ဖို့ လိုတဲ့စွမ်းအင်မျိုး ရရှိစေပါတယ်။
နောင် လတ် (မန်း)
0 comments:
Post a Comment